part 11

15 2 0
                                    

'ကိုဥဒါန်း...'

'ဟင်...နန်းပါလား...'

နန်း ကျောင်းအပြင် မှအလောတကြီး
ဝင်လာရင်း...ကိုဥဒါန်း...ကိုမြင်၍
နှုတ်ဆက်လိုက်ချင်းပင်။

'နန်းက ဘာလာလုပ်တာလဲ'

'aww...နန်းကိုလာစောင့်တဲ့ကားဒရိုင်ဘာ
ကအခုထိမရောက်သေးဘူး...အ့ကြောင့်
အသက်ကို...ကိုလိုက်ပို့ခိုင်းမလို့
....ဟင် အသက် က...မှုံနဲ့ စကားပြောနေ
ပါလား...'

နန်း...အသက်နဲ့မှုံ တို့စီသွားတော့
ဥဒါန်းလဲ အနောက်နားက...လိုက်လာမိသည်။

'အသက်...''

'အွန်း...နန်းပါလား'

မှုံ ကနန်းအားအကြည့်ပို့ရင်းပြောသည်။
အစက်...သ်ာအခွင့်ရေးကို လက်လွှတ်ဖို့မဖြင့်
စကားဟဖို့လုပ်တုန်း....

'အွန်း...နန်း ကလဲ...ကိုယ်လိုက်ပို့မယ်
လိပ်စာသာပြော....ဒါနဲ့ အသက်...မင်းက
မှုံ ကိုလိုက်ပို့ပေးပါ။ငါ့အိမ်ကိုသိတယ်မလား''

''အင်း....'

ကြားဖြတ်ပြောလိုက်သော...အကိုမြေ...
သူရင်ထဲ သံရည်ပူလောင်းချလိုက်သလို
ခံစားရသည်။ အကိုမြေရဲ့...စိမ်းကားလှသော
စကားများကြောင့်ပင်....

ဥဒါန်း....နန်း လက်ကိုဆွဲကာ....
ကားပေါ်တက်၍ ထွက်ခွာသွားလေ၏။

''အသက်....'

မှုံရဲ့ခေါ်သံ...

''အွန်းဘာလဲ....''

''ပြန်ကြရအောင်လို့...''

'အွန်း
..အင်း''

အသက်လဲ သူကားရပ်ထားသည့်နေရာသို့
သွားကာ...မှုံ ကိုခေါ်လာ၍ မှုံ အိမ်ကို
လိုက်ပို့လိုက်....ပါသည်။

''အွန်း..း..း'

ချောင်းကြည့်သူရဲ့...ပါးစပ်မှ
ထွက်ပေါ်လာသော အသံတသဲ့သဲ့...

'နင်တို့တွေကအ့လိုကို....''

@@@@@@@@@@@@@
''အား....အဟင့်...ဟင့်'

ဧရာဝတီမြစ်ကမ်းနားလမ်းဘောင်တွင်
မြစ်ဘက်ကိုမျက်နှာမူလျှက် အသံကုန်
အော်ဟစ် ငိုကြွေး နေမိသော...အသက်...

'အသက်...''

သူ၏ ပုခုံးပေါ်...ကျရောက်လာသော
လက်နဲ့သူ ခေါ်သံတစ်ခု...
အကိုမြေ များလား...ဝမ်းသာစွာဖြင့်
မျက်နှာအားဇပ်ခနဲ မော့ကြည့်မိတော့...
ဆန်းကြယ်ပင်...

'အသက်...''

ဆန်းကြယ်...အသက်ဘေးတွင်
ငြိမ်သက်စွာ ထိုင်ရင်းပြောသည်။

'နင် အကိုဥဒါန်းမြေ ကို
အ့လောက်ထိချစ်တာလား'

'အေး...ငါသူကို အရမ်းချစ်တယ်
ဒီနေ့ဟာ သူငါ့ကို သူစိမ်းအရမ်းဆန်တာပဲ
ဂရုလဲမစိုက်ဘူး....ငါက စိတ်မြန်သူပါ။
အဟင့်...'

'မငိုပါနဲ့တော့ကွာ....'

ဆန်းကြယ်ပြောသော...
စကားအား ဂရုတောင်မစိုက်နိုင်ပဲ
အားရပါးရ ငိုချနေမိသည်။

ဆန်းကြယ်...အသက် အား
သူ၏ ရင်ခွင်ထဲသို့ ပို့လိုက်၏။

အသက်...ဆန်းကြယ်၏ ရင်ခွင်ထဲ၌
အားရပါးရ ငိုချနေမိပါသည်။
ယခုအချိန်မျိုး...ဆန်းကြယ်နေရာမှာ
အကိုဥဒါန်ဖြစ်နေခဲ့လျှင် အလွန်ကောင်းမည်။

သည်ဖြစ်ရပ်ကို အမျက်ချောင်းချောင်းထွက်
ကာကြည့်နေသော သူတစ်ယောက်....
ကော်ဖီ နှစ်ခွက်ကိုလဲ...လက်ထဲကိုင်ထားရာ
မှလွှတ်ကျသွားသည်။ထိုသူသည်...
ဥဒါန်း...

အခန်း-၁၂>ဆက်ရန်>>>

#akaung

Love SickМесто, где живут истории. Откройте их для себя