အချစ်​ ဆို​သောအရာ

88 4 0
                                    

အခန်း-၂

အသက် လုံးဝ အိပ်မပျော်ပါ။
အိပ်မပျော်သည်အလား
ဝရံတာသို့ ထထွက်လာလိုက်ပါသည်။

တစ်ချက်ချက် တိုးဝေ့ တိုက်ခတ်
လာသော လေအေး များကြောင့်
နောက်ကျော လေး စိမ့်တက်သွားသေး
လေရဲ့ ။ ။

အသက် နံနက်က ဟိုလူကြီး
အကြောင်းတွေး နေမိချင်းဖြစ်သည်။

ဆံပင်လေးကို သေသပ်စွာဖီး
ထားပြီး....မဲနက်စွာရှိသည့်...မျက်ခုံး
လှလှလေးအောက်မှာ စွဲဆောင်မှု
ရှိသော...မျက်တောင်ရှည်ရှည်ကောက်ကာ
ရှိတော့ ထိုလူကြီး ၏
အကြည့်တစ်ချက်ကြောင့် လူကို
ရူးသွပ်စေသည်သလားပါပဲ။
နှာတံလှလှလေးရဲ့အောက်မှာ
အနီရောင် သန်းနေသော နှုတ်ခမ်း
လွှာနှစ်လွှာ

ထို လူကြီး၏ ပုံရိပ်များကို
မြင်မိနေဆဲ....
နောက်ပြီး ကိုယ့်ကိုယ်ကို
အံ့သြနေမိသည်။ ဘာလို့
အ့ လူကြိး ပုံရိပ်ကို မြင်မိနေရ
သနည်း....။

'တိ တိ တိ'

ဖုန်းသံရြ့အနောက်တွင်
အသက် ဘောင်းဘီအိတ်လေးထဲ
ထည့်ထားသည့် ဖုန်းလေးကို ထုတ်ကာ
ကိုင်လိုက်ပါသည်

'hello'

'မအိပ်သေးဘူးလား
အသက်...ငါ နန်းဝတီထက်ပါ ဟ'

နန်း ဆိုတာရယ် အသက် ငယ်ငယ်
ကတည်းက ခင်မင်ရင်းနှီး ခဲ့တဲ့
သူငယ်ချင်းကောင်မလေး ပင်။

သူမကတော့ အိမ်ကို ဝင်အထွက်
ကောင်းကောင်းလုပ်နိုင်သည်။
မိဘ အချင်းချင်းကလည် တအား
ရင်းနှီးကြသည်ကိုးးး။

'ဟဲ့ အသက် မအိပ်သေး
ဘူးလားလို့'

'အွန်းအေ မအိပ်သေးပါဘူး'

'အခု နင်ဘာလုပ်နေလဲဟ'

'အိပ်မပျော်လို့...ဝရံတာ
မှာထွက်ရပ်နေတာ'

'ဟဲ့ ငသက် မယုံ ချင်စရာနော်
ဘာလဲ ကျောင်းမှာ ဆော်ချောချော
လေးတွေ တွေ့ထားလို့လား'

'အေးတွေ့ ထားတယ်
အခု သူအကြောင်းတွေးနေတယ်'

အသက် စိတ်မရှည်စွာပြောရင်း
ဖုန်းချ လိုက်လေရဲ့....

'ဘာတွေ...ဘာတွေ မေးမှန်မသိ'

အသက် ဟုတ်သလိုလို မဟုတ်သလိုလို
ပြောလိုက်ပါသည်။ တကယ်တွေ့ခဲ့လေရဲ့
သို့သော်...ဒါမဲ့ ဆော်မဟုတ် ဘဲ ဖြစ်၏။

👼👼👼👼👼👼👼👼👼👼👼

ဥဒါန်း အိပ်မပျော်...
ဖေဖေ နဲ့ မေမေ လာမည်ကိုတွေးရင်း
စိတ်ကျဉ်းကြပ်၏။
မေမေနဲ့ဖေဖေ တို့သာ လာလျှင်
လွှတ်လွှတ်လပ်လပ် နေရဦးမည်သလား
ဘယ်လိုမျိုးနေရမည်နည်း။
မျက်နျာ ချင်းမဆိုင်ရဲ...

မျက်လုံးလေး မှိတ်ကာ
စိတ်ဖြေနေမိလေရဲ့...

'ကျွန်တော်နာမည်က မင်းသက်ပါ
အသက်လို့ခေါ်ပေါ့'

နံနက် ကကောင်းလေးရဲ့.
အသံကို ကြားယောက်လာကာ
ထိုကောင်လေး မျက်နှာ ကိုလည်း
မြင်ယောင်နေမိလေရဲ့...

'ငါဘာလဲကွာ'

မြင်ယောင်လာသည်အခိုက်
ရင်ခုန်တာလည်း မြန်ဆန်လာသည်။
ထိကြောင့် ကိုယ့်ကိုယ်ကို တောင်
မယုံတော့ပေ

'ငါ ငါ အခြောက် လား
ဘာလဲ ဟာ ငါ အဲကောင်လေး
အကြောင်း တွေးပြီး ရင်ခုန်နေရတာ'

ဥဒါန်း ထ ထိုင်းရင်းက...
ညမီးထွန်း စားပွဲပေါ် တင်
ထားသော ဖုန်းလေး ကို ကောက်ယူရင်းပ
dataဖွင့်မိပြီး Facebook ကိုကြည့်မိ၏

ဟိုကြည့် ဒီကြည့်နဲ့
ယောက်ျားအချင်းချင်း မင်္ဂလာဆောင်နေသည့်
ပုံလေး ကိုတွေ့ရပါသည်။

-----နဲ့----- တို့ နှစ်ဦး
ထိပ်မြားမင်္ဂလာဧည့်ခံပွဲတဲ့
ရန်ကုန်တွင်သာဖြစ်၏။

သူ ဒီအကြောင်းကို စူးစမ်းခြင်လာမိ၏။
gay ဆိုတဲ့ အမျိုးအစားဟု
သိရသောကြောင့် ဥဒါန်း
search တွင် gay ဟုရေးကာ
ရှာမိ၏။

ညတစ်နာရီခန့်ရှိပြီဖြစ်၏
အိပ်ယာပေါ်...ဥဒါန်း ပစ်လည်းချမိ၏။

'ဟူး'

အသ်ပြင်းလေး ချခါ
ပြုံးလိုက်သေးရဲ့...။

ဤကမ္ဘာတစ်ဝန်း မှာတောင်
ယောက်ျား အချင်းချင်း ချစ်ချင်းက
များပြားနေသည်ကို ဥဒါန်း သိလိုက်ရ၏။
နောက်ပြီး..gayဆိုတဲ့ အခေါ်အဝေါ်ကို
ယခုခေတ်၌ 'homo'ဆိုလားပဲ

ဒါကိုလည်းဥဒါန်းသိလိုက်ရသည်။
ဒါမဲ့ 'gay'တချို့က တည်မြဲတဲ့
အချစ်မရှိဘူးလို့လဲသိရသည်။
-----ဆက်ဆံချင်၍သာ တွဲသည်ဟု
လည်း...ဥဒါန်း သိရ၏။

သို့သော် ဥဒါန်း ဒီလို
မလုပ်နိုင်ပါ။ ကိုယ်ချစ်ရသူကို
ထာဝစဉ်တွဲမည်။

အသက် ဆိုတဲ့ချာတိတ်လေးရယ်
နင်ကိုငါချစ်နေမိပြီဟာ...

နင်ငါလို ယောက်ျားအချင်းချင်း
ကြိုက်နှစ်သက်ပြီး....
အဲဒီ ငဥ ကို ပြန်ချစ်လည့်ပါ
ချာတိတ်လေးရယ် ---

အခန်း-၃ >ဆက်ရန်>

#akaung

Love SickWhere stories live. Discover now