ep5

1.3K 146 5
                                    

အိမ်ရောက်တော့ အခန်းထဲပြန်ဝင်၊ အိပ်ရာပေါ်တက် အိပ်ချင်ယောင်ဆောင်ရင်း မျက်ရည်တွေ တာကျိုးသလိုကျခဲ့တာ ခေါင်းအုံးလေးကပဲ သိမယ်ထင်ပါတယ်။

Taehyung တံခါးလာခေါက်တာကို အိပ်ချင်ယောင်ဆောင်ပြီးမဖွင့်ပေးဖြစ်ခဲ့ဘူး။

ငိုလို့ဝတော့ စဉ်းစားပြီးရင်းထပ်စဉ်းစားခဲ့တယ်။ အကယ်၍taehyung များအကြံဥာဏ်တောင်းလာခဲ့ရင် ဘာလုပ်ရမလဲဆိုတာကိုပေါ့။

မဆီမဆိုင် ဖတ်ခဲ့ဖူးတဲ့ manga တွေထဲက character တွေနဲ့တောင်နှိုင်းယှဉ်မိသေးတယ်။

Taehyung လိုလူမျိုးက alpha ဆိုတာ အသိသာကြီး။ jimin ကရော? သိပ်ကို လှပြီး နူးညံ့သိမ်မွေ့တယ်။ ချစ်ဖို့ကောင်းပြီး အကြည့်တွေနဲ့တင်လူကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။ သေချာတယ် jimin က omega ပဲ။

ငါကရော။ alpha တစ်ယောက်လိုလည်း မခန့်ညားဘူး။ omega တစ်ယောက်လိုလဲ ဆွဲဆောင်မှုမရှိဘူး။ ဒါဆို ငါက သာမန် beta ပေါ့။alpha တစ်ယောက်ကို beta တစ်ယောက်က omega နဲ့ယှဉ်ပြီးဘယ်လို လုနိုင်မှာလဲ။

ဒါဆိုစွန့်လွှတ်လိုက်ရမှာလား။

အဲ့ဒါတော့မဖြစ်ဘူး။ စွန့်လွှတ်ရမယ်ဆိုတဲ့အတွေးနဲ့တင်ရူးနိုင်တာမို့။

နောက်ဆုံး လေးနာရီထိုးတော့ ကြံရာမရတဲ့အဆုံး မီးစင်ကြည့်ကမယ်ဆိုပြီး အခန်းထဲကထွက်လာခဲ့တယ်။

"ဟဲ့ရောင် ကာလနဂါး။ ဘယ်အချိန်ထိအိပ်တာလဲ။ မျက်လုံးတွေတောင်ဖောင်းအစ်နေပြီ။ "

"ညကအိပ်ရေးပျက်တာကိုး။"

ငိုထားလို့ဖောင်းနေတာလို့တော့မပြောချင်တော့
ပါဘူး။

"Jimin ကဘာလို့ခေါ်တာလဲ။"

"ဘာ..ဘာမှမဟုတ်ပါဘူး။ စာမေးတာ။"

"သြော်။"

အမှန်တရားကိုသိနေပေမဲ့မင်းလိမ်တယ်လို့ပြောဖို့ အခွင့်အရေးမှမရှိခဲ့တာ။

"ရုပ်ရှင်ကြည့်ရအောင် taehyung။"

ရုပ်ရှင်ကိုလည်း အဆွေးကားကိုတမင်ရွေးပြီးဖွင့်တယ်။ အစကတည်းကငိုချင်နေတာကို ရုပ်ရှင်အကြောင်းပြပြီးငိုတယ်။

Happy Ending {VhOpE} #completed#Where stories live. Discover now