ပိစိနှင့်ပတ်သက်၍ ပျော်ခဲ့ရသောနေ့လေးအကြောင်း
5K 512 10
Zaw gyi version
မင်းစစ်ထွန်းတစ်ယောက် အပူရှပ်ကာ ဖျားနေလေပြီ။
အစ်ကိုပိစိရဲ့မိဘတွေကတော့ ကျွန်တော့်ကို
"ဘယ်လိုဖြစ်ရတာလဲ။သားမင်းရယ်။"
"နေပူထဲက ပြန်လာပြီး အဲကွန်းခန်းထဲ ဝင်လိုက်တဲ့
သတ္တိခဲလေးလေရှင်။"ဟု မင်းစစ်ထွန်းအမေမှ
မင်းစစ်ထွန်းအား မျက်စောင်းထိုးရင်း ပြန်ဖြေလိုက်သည်။
"ဟီး။ဟုတ်တယ်။အန်ကယ်နဲ့အန်တီ။ဟက်ချိုး။ဒါနဲ့
အစ်ကိုပိစိရော ပါမလာဖူးလားဟင်?"
"ငါ ဒီမှာဟေ့။မင်းအတွက်စားဖို့ ဆန်ပြုတ်ပန်းကန်သွားယူ
ပေးနေတာ။"ဟုဆို၍ တံခါးအား တွန်းဖွင့်ဝင်လာသော
ပိုင်စစ်ဟန်။
မင်းစစ်ထွန်းတစ်ယောက်ခမျာ သူ မကြိုက်ဆုံးဖြစ်သော
ဆန်ပြုတ်အားကြည့်ရင်း ရှုံ့မဲ့မဲ့ဖြင့်
"မသောက်လို့ မရဖူးလား?"
ပိုင်စစ်ဟန် စိတ်မရှည်စွာ
"မင်းမသောက်ရင် ဆေးဘယ်လိုသောက်မလဲ။အစာခံပြီးမှ
ဆေးသောက်လို့ရမယ့်ဟာကို။"
မကျေနပ်စွာ အတွန့်တက်လိုက်ပါသော မင်းစစ်ထွန်း။
"ဒါပေမယ့် ပေါင်မုန့်နဲ့မိုင်လို တွဲစားလို့ရတာကို။"
မင်းစစ်ထွန်းရဲ့အမေ ကြည်ကြည်မြင့်မှ
"မရှည်နဲ့။အဲ့ဆန်ပြုတ်ကိုသာသောက်။"
"ဟာဗျာ။မေမေကလည်း။"ဟုပြောပြီးနှုတ်ခမ်းစူကာ စိတ်ကောက်သွားပါသော မင်းစစ်ထွန်း။
"မင်းသောက်ဖို့ ငါကိုယ်တိုင် ပြုတ်လာခဲ့တာနော်။
မသောက်ရင်လည်း နေတော့။"ဟု အစ်ကိုပိစိ ပြောလိုက်တော့ မျက်လုံးပြူးသွားရသူက ကျွန်တော်။
"အစ်ကိုကိုယ်တိုင် ပြုတ်တယ်?မဖြစ်နိုင်တာ။"
အစ်ကိုပိစိ၏ဖေဖေ၊မေမေနှင့် မင်းစစ်ထွန်း၏အမေမှာ
"သားလေးဆန်ပြုတ်ပြုတ်နေတာ ငါတို့ကိုယ်တိုင် မြင်ခဲ့
တာပါကွာ။"ဟု သက်သေခံလာကြချေသည်။
အချက်အပြုတ်တတ်သော်လည်း ပျင်းသည်ဟုဆိုကာ
မီးဖိုချောင်ထဲ ဝင်မချက်သော အစ်ကိုပိစိက ကျွန်တော်
ဖျားနေသည့်အတွက် ကိုယ်တိုင်ကိုယ်ကျ ပြုတ်ပေးသည်
တဲ့လား?