ပိစိ သိသြားၿပီ! ပိစိ သိသွားပြီ! [ Final Part ]
5.9K 448 33
Zaw gyi
အစ်ကိုပိစိကို ကျွန်တော် ဘယ်လောက် ချစ်မြတ်နိုးကြောင်းဖွင့်ဟ၀န်ခံထားတဲ့ ဒိုင်ယာရီစာအုပ်ပြာလွင်လွင်က
အစ်ကို့ရဲ့ လက်ထဲရောက်နေတာကို ကျွန်တော် တွေ့လိုက်ရတယ်။
အစ်ကိုက ဂေးတွေကို ရွံတယ်လို့ တစ်ခါတုန်းက ပြောဖူးတယ်။
ဒါဆို သူ ဖတ်ပြီးလောက်ပြီဆိုတော့ သူ ကျွန်တော့်ကို ရွံရှာသွားလောက်ပြီလား?
"အစ်ကို ! " လို့အော်ရင်းတစ်ဆက်တည်းမှာပဲ အစ်ကိုပိစိလက်ထဲက
စာအုပ်ကို ဆွဲလုပစ်မိလိုက်တယ်။
တစ်ဆက်တည်းမှာပဲ အစ်ကိုပိစိရဲ့မျက်လုံးတွေက ကျွန်တော့်ကို
ရွံရှာသလို၊မုန်းတီးသလို အကြည့်နဲ့ကြည့်လာခဲ့ပြီး ဘာစကားမှ
မဆိုပါဘဲ အခန်းထဲက ထွက်သွားခဲ့လေရဲ့။
အားပြတ်စွာနဲ့ပဲ ကျွန်တော် နံရံကို မှီထိုင်ချမိလိုက်တယ်။
ကိုယ်ကိုယ်တိုင်ကရော ဂေးတစ်ယောက်ဖြစ်နေရတာ ပျော်နေတာမှ
မဟုတ်ဘဲ။ကိုယ့်ကိုယ်ကိုယ်တောင် မနည်းလက်ခံယူနေရတဲ့ အခြေအနေမျိုးမှာ အစ်ကိုကပါ ကျွန်တော့်ကို ထပ်ဆင့်စိမ်းကားသွားခဲ့ရင်......။
ညက တစ်ညလုံး အိပ်မပျော်တာကြောင့် မျက်တွင်းတွေလည်း ချောင်ပြီး
ဟောက်ပက်ဖြစ်နေလောက်ပြီရယ်။
ဒီအချိန်ဆို အစ်ကိုပိစိကို ကျောင်းအတူသွားဖို့အတွက် ခေါ်ရမဲ့အချိန်ဖြစ်ပေမဲ့
ခက်တာက ကျွန်တော် အစ်ကိုပိစိကို မျက်နှာချင်းမဆိုင်ရဲဘူး။
.
.
.
.
.
.
တစ်ပတ်.....တစ်ပတ်တိတိရှိပြီ။ သူ နဲ့ အစ်ကိုပိစိ မခေါ်မပြောဖြစ်တော့တာ။
ကျောင်းမှာ တွေ့ရင်လည်း တစ်ခါမှ စကားမပြောဖူးတဲ့ သူစိမ်းတွေလို
ဖြစ်သွားတဲ့အပြင် အစ်ကိုပိစိက အိမ်ကိုပါ လာမလည်တော့ဘူး။
ဒီလိုပဲ နေတာက ကျွန်တော့်အတွက်ရော၊အစ်ကိုပိစိအတွက်ရော
ပိုကောင်းလောက်ပါတယ်လေ။ အနည်းဆုံး ချစ်ရတဲ့ လူဆီက ပစ်ပစ်ခါခါစကားတွေ မကြားရတော့ဘူးပေါ့။
မေမေကတော့ မေးရှာသား။အစ်ကိုပိစိက ဘာလို့ အိမ်မလာတော့တာလဲတဲ့။
သားတို့နှစ်ယောက် ရန်ဖြစ်ထားကြတာလားတဲ့။