စာစဉ် ၆ (၁၅ +၁၆ +၁၇+၁၈+၁၉+၂၀)
15K 1.4K 52
Book. :   6
Chapter. : 15 + 16 + 17 + 18 + 19 + 20
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၊ အခန်း ၁၅ : ဖြည့်ဆည်းမပေးနိုင်သေးဘူး
"အာ..." *အဟွတ် အဟွတ် အဟွတ် အဟွတ်*
တံခါးမှာရှိနေပါသည့် ရွှီရီ။
ရှော့ရလွန်သွားမိခြင်းကြောင့် တံတွေးတို့သီးသွားပြီး ချောင်း စဆိုးမိတော့သည်မှာ အဆုတ်ပင် ပါသွားတော့မည့်အလား။
သောက်ကျိုးနဲ ! ဒီရီဝမ်ဝမ်က ဘာကိုမှ ပြောပစ်ရမှာမကြောက်ဘူးပဲ !
စီရှားရဲံအရှေ့မှာ သခင်ကြီးနဲ့ ဟိုဒင်းဟိုဟွာ
လုပ်မယ်လို့တောင် ပြောထွက်ရဲတယ် !
သူသည်ကား သူ့သခင်ကြီး၏အမူအရာကိုပင် စေ့စေ့မကြည့်ရဲတော့ပါချေ !
တစ်ချိန်ထဲမှာပင်။ ထပ်ပြိးတော့ ရှော့ရစရာမထိတ်သာ၊ မလန့်သာတို့ကို ရီဝမ်ဝမ် ပြောချလာဦးမည်ကိုစိုးရိမ်ကာ။ ရွှီရီ။ လျင်လျင်မြန်မြန်ဖြင့်ပင်။ တံခါးကို တွန်းဖွင့်လိုက်တော့သည်တည့်။
"သခင်လေးစီရှား၊ သခင်....သခင်မလေးရီ...."
တံခါးဖွင့်သံကြားလိုက်ရသည်နှင့်။ ချက်ချင်း။
ရီဝမ်ဝမ်ရဲ့နောက်ကျောပြင် တောင့်သွားရတော့ပြီး။
ဒီနောက်။ သူမလှည့်ကြည့်လိုက်မိလေရာ။ မြင်လိုက်ရသည်ကား။ ရွှီရီနှင့်စီရီဟန်....
ဘုရားသခင် !!!
ဒီနှစ်ယောက် ဘာလို့ ဒီမှာရှိနေတာလဲ ?!
ရီဝမ်ဝမ်။ စီရီဟန်၏အေးစက်စက် ရေခဲတုံးအမူအရာကို စိုက်ကြည့်လိုက်မိရင်း သူမရဲ့အသိတရားတို့ လုံးဝအတိ ပျောက်သုဉ်းသွားကာ တိုက်တန်းနစ်ထဲရောက်သွားသည့်နှယ် ခံစားလိုက်ရတော့ချေပြီ။
သူမရဲ့စိတ်အတွေးအိမ်ထဲတွင်။
အခုနက သူမ ထုတ်ပြောချလိုက်မိသည့်စကားတို့ ပြည့်နှက်နေပြီး။