ကျွန်တော့်ရဲ့သူ

400 25 1
                                    

ခဗျားရယ်လို့တွေးမိတာနဲ့ ချစ်ခင်ခြင်းနဲ့ဂုဏ်ယူခြင်းတွေ တွဲပြီးတော့ခံစားရတယ်။
တစ်ခါတစ်လေ
မချင့်မရဲဖြစ်မှုတွေကို လျစ်​လျူရှုပြီးတော့ပေါ့။

ဘယ်သူတွေဘယ်လို ထိုးနှက်ထိုးနှက် ပြုံးပြုံးကြီးနဲ့ မသိချင်ယောင်ဆောင်နေတက်တဲ့ အပြုအမှုတွေကြောင့် ကျွန်တော့မှာမချင့်မရဲဖြစ်မိတယ်။

ချစ်တာကို 'ကျန်းမာရေးဂရုစိုက်ဖို့နဲ့ အစားအ​သောက်​ရွေးချယ်ပေးတဲ့´စကားလုံးတွေထက် ပိုမဖော်ပြတက်တဲ့ ခဗျားကြောင့် ကျွန်တော့မှာမချင့်မရဲဖြစ်မိတယ်။

တောင်းဆိုမှုမရှိတဲ့ အရာရာကို နားလည်နေသလိုအေးအေးဆေးဆေး လက်ခံပေးတဲ့ လူရိုးလူအေးခဗျားကြောင့် ကျွန်တော့မှာ မချင့်မရဲဖြစ်မိတယ်။

ဖွင့်ဟပြောဆိုခြင်းမရှိပဲ ရင်ထဲမှာပဲသိမ်းထားနေတဲ့ ခဗျားကိုတွေ့တဲ့အခါ  ကျွန်တော့မှာမချင့်မရဲဖြစ်မိတယ်။

ခဗျားကို ချစ်ချင်ယောင်ဆောင်နေတဲ့သူတွေကို
မေတ္တာတွေအပြည့်အဝပေးနေတဲ့ ထုတ်ဖော်ပြောဆိုခြင်းမရှိတဲ့ ခဗျားရဲ့မျက်ဝန်းတွေကို တွေ့မိတဲ့အခါ ဘေးကမြင်ရတဲ့ မချင့်မရဲဖြစ်မိတဲ့ဒီလူဟာ မျက်ရည်အခါခါကျရတယ်။

ကြယ်တာရာဆီသို့❤Where stories live. Discover now