My Boy(2)

5K 533 11
                                    

(Zawgyi)

After 3 months later>>>>>

ညနေပိုင်းတွင် လမ်းမီးတိုင်တို့သည် မမှိတ်မသုတ်သာ..မိုးအနည်းချုပ်နေပြီးဖြစ်သောကြောင့် တချို့နေရာများသည် တိတ်ဆိတ်လျက်..

ထို့အတူကောင်လေးတစ်ယောက်ကတော့ အတွေးများဖြင့်ဆွေးရင်း~~~~

Min Yoongi ခင်များဘယ်တွေရောက်နေတာလည်း? အရင်တုန်းကဒီလိုညနေပိုင်းဆို ခင်များကျွန်တော့်ဆီရောက်လာနေကျ အခုခင်များကျွန်တော့်ဆီမလာတာ သုံးလလောက်တောင်ရှိသွားပြီး...ရက်စက်လိုက်တာ ဗျာ ချစ်လှချည်ရဲ့ဆို ထွက်သွားတာတောင် အသိမပေးဘူး ဘာလို့လည်း... ဘာလို့လည်းMin Yoongi??

အရင်က Ygဆိုင်ပိတ်ပြီးသူ့ဆီကိုလာလျှင် စိတ်ညစ်စိတ်ရှုပ်ရသည်...ခုကျတော့ သူမလာတော့ ရင်ထဲက ဟာတာတာလိုမျိုး....ဒါက ဘယ်လို အဖြစ်အပျက်ကြီးပါ့လိမ့် ဝေးကွာသွားမှ.ခံစားချက်အစစ်အမှန်ဆိုတာကြီးကပေါ်လာတာများလား??

ကိုယ့်ကိုယ်ကို မေးခွန်းများစွာထုတ်ရင်း
လမ်းထောင့်တနေရာ ခြေလှမ်းတို့ကိုရပ်တန့်လိုက်ကာ ကောင်းကင်ကိုမော့ကြည့်လျက်

"ကျွန်တော် အမှန်အတိုင်းဝန်ခံရရင် ခင်များကို သိပ်လွမ်းတယ်Min Yoongi"

.......................................

အိမ်ပြန်ရောက်တော့ ရေချိုးမိုးချိုးပြီး ကိုယ့်ကိုယ်ကို မှန်ထဲကြည့်ရင်း သူနဲ့စတွေ့တုန်းကအချိန်က ရုတ်တရက်ဆိုသလို ခေါင်းထဲတွင် တရေးရေးပေါ်လာသည်...

ကျွန်တော့်ဆိုင်ကိ သူစစ လာတုန်းကပေါ့....

ကျွန်တော်ကဘာမှာမလည်းဆိုပြီး သွားမေးတာ အဲ့လူကြီးကလေ.. မှာစရာရှိတာမမှာဘဲ ကျွန်တော့်ကို ပြူးကြည့်နေတာ လူတောင် နေမထိထိုင်မထိဖြစ်သွားတယ် ဘာမှန်းကိုမသိဘူး.....

တွေးရင်းတွေးရင်း ဝမ်းနည်းလာသလိုလိုခံစားချက်ကြီးနဲ့အတူ တင်းခံထားသည့်ကြားမှ မျက်ရည်စက်က ကျလိုက်သေးသည်..

.ပျော့ညံလိုက်တာPark Jiminရယ် မင်းကိုတောင်သူက သတိရတော့မှာမဟုတ်ဘူး....တော်ပြီး အိပ်တော့မယ်......

Yoonmin short storiesWhere stories live. Discover now