Daddy(3)

4.3K 427 100
                                    

(Zawgyi)

"Min Yoongi ရဲ့မိန်းမ "

"Daddy...... သူ.....သူ ဘာတွေပြောနေတာလည်းဟင်.."

"Nora မင်း မင်းဘာစကားပြောနေတာလည်း?"

"ကျွန်မ အမှန်အတိုင်းပြောနေတာလေ"

"မင်းရူးနေလားဟမ်! မင်းဘဲ ငါ့ကိုမလိုချင်တော့လို့ ငါ့ကိုပစ်သွားတာလေ ဘာလို့အခုမှ "

"အခုက ပြန်လိုချင်လို့ပေါ့ ဟက် ကျွန်မတို့က တရားဝင်မကွာရှင်းရသေးဘူးနော်"

"ကျစ် မင်း!"

Noraနဲ့ အငြင်းအခုံဖြစ်နေတော့ ဘေးနားက ကလေးကို တစ်ချက်သတိလွတ်သွားခဲ့သည်

သတိပြန်ဝင်လာမှ ကြည့်လိုက်မိတော့

"Daddy မိန်းမ. ! မကွာရှင်းရသေးဘူး?ဘာတွေလည်း "

"ကလေး ကလေးထင်သလိုမဟုတ်"

ကလေးငယ်သည် နားကို လက်ဖြင့်ပိတ်ကာ

"မကြားချင်ဘူး ဘာမှမကြားချင်ဘူး!"

ထို့နောက် ကလေးငယ်မှာ Noraအား စိုက်ကြည့်ကာ

"ခင်များပြောနေတာတွေက တကယ်လား?"

Noraသည် Jiminနားသို့တဖြည်းဖြည်း လျှောက်သွားကာ အနားကပ်၍

"ငါက ဘာကိစ္စ လိမ်ရမှာလည်း"

Yoongiသည် Noraအားဂုတ်မှဆွဲလိုက်ကာ ပါးပြင်အားလက်ဝါးဖြင့် မိတ်ဆက်လိုက်စေ၏

ခပ်ဆတ်ဆတ်ဖြစ်သွားသော ပါးပြင်အား ကိုင်ကာ ဒေါသမီးတို့တောက်လောက်နေသော မျက်လုံးဖြင့် Yoongiကိုတစ်လှည့် Jiminကိုတစ်လှည့်ကြည့်ကာ

"နင်တို့နှစ်ယောက်ကို ငါမရရအောင် ခွဲပြမယ် သတိထားနေ"

Noraမှ အောင်နိုင်သူ အပြုံးဖြင့်ထ ထွက်သွားတော့သည်

ကလေးငယ်ဘက်ကိုလှည့်ကြည့်လိုက်တော့ ကျွန်တော့်ကို ကြောင်တောင်တောင်နှင့်ကြည့်နေလေသည်

"ကလေးကိုယ်"

ကလေးအနားကပ်သွားတော့ ကလေးငယ်မှာ အနောက်သို့ဆုတ်သွား၏

Yoonmin short storiesOnde histórias criam vida. Descubra agora