Part-14
3.3K 258 4
Zawgyi
မင်းကျက်​သ​ရေထွန်း တစ်​​ယောက်​ ဦးမင်းမြတ်​သူ၏ ရုံးခန်းထဲတွင်​ကွန်ပျူတာ တစ်​လုံးနှင့်အလုပ်ရှုပ်ေ​​​​​နသည်​။ ​မနက်​က သူငယ်​ချင်း​တွေနှင့်​ ​လေ​ပေါ​နေသည်​မို့ ည​နေ့ပိုင်းမှ အလုပ်​ကို​ရောက်​လာခြင်းဖြစ်​သည်​။ ဦးမင်းမြတ်​သူကMandalay National  Gas and Gas contractor pyin Oo lwin Branch Shop၏ ပိုင်​ရှင်​ဖြစ်​သည်​။ ဒီ​နေ့သည်​ ဆိုင်​သို့ Mandalayပင်ရင်းဆိုင်မှ​​​ပစ္စည်းများဝင်​သဖြင့်​ စာရင်း​တွေစစ်​ရမည်​....စာ​ရေးမ​လေး​တွေက စာရင်း​တွေကို​သေချာလုပ်​​ပေးထား​သော်​လည်း.....ဦးမင်​မြတ်​သူ က အမြဲတမ်း ကိုယ်​တိုင်​ပြန်​စစ်​ရမှ​ကျေနပ်​သူဖြစ်​သည်​။
ည​နေ​စောင်းပြီမို့ အလုပ်​သမား​တွေအကုန်​အလုပ်​ဆင်းသွားကြကာ ရုံးခန်းထဲတွင်​​တော့ မင်းကျက်​သ​ရေထွန်း တစ်​​ယောက်​သာ ကျန်​ခဲ့​တော့သည်​။ ​ဖေတစ်​ က ဒီ​နေ့ဝင်​သည့်​စာရင်း​တွေအပြင်​ အရင်​​နေ့​တွေကစာရင်း​တွေပါ ပြန်​စစ်​ပြီး gmail ဖြင့်​ ပို့​ပေးရန်​​ပြောထားသည်။ ​​ကျောင်းပိတ်​ရက်​​တွေတိုင်​ ​ဖေတစ်​အလုပ်​ကိုလိုက်​သွားပြီး လိုအပ်​တာ​တွေကူညီ​နေကြမို့ ​ဖေတစ်​အလုပ်​​တော်​​တော်​များများ သူမလုပ်​တတ်​တာသိပ်​မရှိ​ပေ....ဒါ​ကြောင့်​လဲ​ဖေတစ်​ကအခုသူ့ကိုယုံယုံကြည်​ကြည်​လုပ်​ခိုင်း​နေတာဖြစ်​သည်​။
ရုံးခန်းထဲတွင်​​ ​ကွန်​ပျူတာကို ကြည့်​လိုက်​ စာရင်းစာရွက်​​တွေကိုကြည့်​လိုက်​နှင့်​ အလုပ်​​တွေရှုပ်​ ​နေရင်း အချိန်​​တွေ​တော်​​တော်​ကုန်​သွားတာသူမသိလိုက်​....။စာရင်း​တွေအကုန်​လုပ်​ပြီး ​ဖေတစ်​ကို ပို့​ပေးပြီးချိန်​မှာ​တော့ အကြာကြီးထိုင်​​နေရသဖြင့်​ သူ​တော်​​တော်​ခါး​ညောင်း​နေပြီဖြစ်​သည်​။ ခါးကိုအ​ညောင်းဆန့်
....လက်​​တွေကို အ​ကြောဆန့်​ရင်း...သူ ဝါး....ခနဲ သန်းမိ​သေးသည်​။ ပြီး​တော့မှ လက်​ကနာရီကို ကြည့်​လိုက်​​တော့ အချိန်​က ညဆယ်​နာရီ​တောင်​ထိုး​နေပြီဖြစ်​သည်​။
"ဟာ....ကျစ်​....​နောက်​ကျ​နေပြီပဲ ငါအိမ်​ဘယ်​လိုပြန်​ရမလဲ"