Part-15
3.5K 248 7
Zawgyi
ဘယ်​သူ​ပြောတာလဲ ကျွန်​​တော်​တို့တစ်​​ယောက်​နဲ့တစ်​​ယောက်
ကြိုက်ေ​နကြပြီလို့.....မဟုတ်​ဘူး​နော်​.....တကယ်​မဟုတ်​ဘူး
တကယ်​​တော့ ကျွန်​​တော်​တို့က တစ်​​ယောက်​နဲ့တစ်​​ယောက်
မသိစိတ်​ရဲ့နှလုံးသား..... ဟိုးအနက်​ရှိုင်းဆုံး​နေရာက​နေ ချစ်​​နေကြတာပါ။ချစ်​တယ်​ဆိုတာဘာလဲဆိုတာ​တော့ကျွန်ေ​တ်ာတို့​မသိဘူး။ကျွန်ေ​တ်ာတို့အတွက်ေ​​တာ့ အချစ်​ဆိုတာ ကိုယ်​ချစ်​တဲ့သူကိုယ့်​​ဘေးနားရှိရုံနဲ့ အရာရာပြည့်​စုံတယ်​။
"အချစ်​ဆိုသည်​မှာ အံ့သြမူများနဲ့ဆန်းကြယ်​​သောအရာ
အချစ်​ဆိုသည်​မှာလူသားတိုင်းရဲ့နှလုံးသားထက်​အရှင်​သခင်
အချစ်​ဆိုသည်​မှာ ​ကြေကွဲခြင်းနဲ့မျက်​ရည်​တို့ရဲ့ကဗျာ
အချစ်​ဆိုသည်​မှာ ခံစားချက်​တို့​မွေးဖွားရာ​နေရာ
အချစ်​ဆိုသည်​မှာ ကြည်​နူးကြတဲ့အခိုက်​လမင်းတစ်​ရာ
အချစ်​ဆိုသည်​မှာ ဝမ်းနည်းတဲ့အခိုက်​​နေမင်းကု​ဋေကဠာ
အချစ်​ဆိုသည်​မှာ တားဆီးတတ်​ခဲ့ ​အေးစက်​ခြင်းများစွာ
အချစ်​ဆိုသည်​မှာ အိမ်​မက်​များနဲ့အာရုံဦး အလှတရား
တကယ်​ဆိုရင်​အချစ်​ဟာ  ​ဖြေရှင်း​မရတဲ့ပြသနာ
အချစ်​ဟာ အ​ဖြေရှာမရတဲ့ ပုစ္ဆာ
ငါကိုယ်​တိုင်​ အချစ်​ဟာ ဘာလဲမသိ​တော့ပါ
တစ်​ခါ​တစ်​ရံ အချစ်​ဆိုတဲ့အရာနဲ့ဆုံစည်းလိုက်​ချင်​လည်း
တစ်​တစ်​ရံ​တော့ အချစ်​နဲ့​ဝေးချင်​တယ်​"
>>>>>>>>>>>>>>>>>>
ခပ်​ပြင်းပြင်းတိုက်​ခတ်​​နေ​သော ​လေတို့သည်​ အရှိန်​​လျော့ကုန်​၏။ အငြိုးကြီးစွာ ရွာ​နေ​သော မိုးတို့သည်​လည်း.....​ကျေနပ်​သွား၍ထင်​ပါသည်​....မိုး​ပေါက်​ကြီး​တွေမှတစ်​ဆင့်​ မိုးစက်​​ပေါက်​ငယ်​​လေး​တွေအဖြစ်​​ပြောင်းလဲ​နေ​ကြသည်​။တိမ်​မဲကြီး​တွေကို တိုက်​ခိုက်​ တွန်းဖယ်​ရင်း ကမ္ဘာ​မြောက်​ခြမ်းမှ ဓူဝံကြယ်​​လေးသည်​ အတင်းတိုးထွက်​၍ လင်းလက်​​နေ​လေပြီး။လမင်းကြီးကလည်း အားကျမခံ ​မှောင်​မဲ​နေ​သော ကမ္ဘာ​မြေကြီးကို
အလင်း​ရောင်​ခပ်း​ရေး​ရေး​ပေးရန်​ ထွက်​လာ​လေ​တော့သည်​။