စာစဉ် ၆ ( ၂၁ + ၂၂ + ၂၃ )
13.8K 1.2K 5
Book. :   6
Chapter. :  21 + 22 + 23
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၊ အခန်း ၂၁ : နင် ကျေနပ်ပြီလား ?
အဲဒီလူတွေအားလုံးရဲ့အကြည့်အောက်မှာ။
သူမလေးသည် စုတ်ပြတ်ပြီး လေးလံလှသည့် ၀တ်စုံကြီးကို ချွတ်ပစ်ခဲ့ပြီး၊ ဆံပင်တုကြီးကို ဖယ်ရှားခဲ့ပြီး၊ မိတ်ကပ်အထူကြီးကို ဆေးကြောပစ်လိုက်ပြီး၊ သူမရဲ့ မျက်နှာကို သန့်စင်ပစ်လိုက်ပြီးသည့်။
တစ်ခနမှာပင်။ ရွှံ့နွံထဲ နစ်နေခဲ့သည့် ပတ္တမြားသည် တစ်ဖန်ပြန်လည် လင်းလက်လာသည့်အလား။ သူတို့ရဲ့မျက်လုံးတို့ ကျိန်းစပ်သွားတော့ မည့်အလားပင် အလွန်ကို တောက်ပလာပါ၏။ သူမလေး၏ခန့်ထည်ပြီး မာထန်ထန်တင်းမာမာအကြည့်တို့သည် မီးတောက်တော့မည့် အလား။ သူမလေးရဲ့တည်ရှိမှုလေးသည်ကတော့ ချက်ချင်းပင် ပွင့်လန်းလာတော့ မည့် ကြာပန်းလေးအလား။
သတင်းကြားသည်နှင့်။ အပြေးအလွှားရောက်ချလာပါသည့် စီရှား။ ဒီမြင်ကွင်းကို မြင်သွားမိတော့ရာ။ အံ့သြမင်သက်စွာ နေရာတွင်ပင် ရပ်မိနေပါတော့၏။
သူမလေးအား လှောင်ပြောင်သရော်နေခဲ့ကြသူတွေ၊ ရှိုးပွဲကို စောင့်ကြည့်နေကြသည့်သူတွေ။ ယခုတွင်တော့ဖြင့်
မယုံကြည်နိုင်စွာ ဆွံ့အကုန်ကြလေပြီ။
တည်တည်ငြိမ်ငြိမ်ရှိနေနိုင်ပါသည့် တစ်ဦးတည်းသောသူသည်ကား -- သေချာပေါက်ကို အမှန်တရားကို သိထားနှင့်ပြီးသား ဖြစ်သည့် တစ်ဦးတည်းသောသူ -- လင်းဒုံ ......
အချိန်တခနကြာပြီးသည့်နောက်။
"်ဒေါက်" ရုတ်တရက် အသံတစ်ခု။
ဟောခန်းမကြီးထဲတွင် တိတ်ဆိတ်မှုကို ကြားဖြတ်လိုက်ချေပြီ -- တစ်စုံတစ်ယောက်သောသူသည် အဆင်တန်ဆာပစည်းတစ်ခုခု အပေါ်ကို မတော်တဆ ခေါက်တီးမိလိုက်ခြင်းပါတည်း။