စာစဉ် ၇ ( ၁ + ၂ + ၃ + ၄ + ၅ )
15K 1.3K 36
Book. :  7
Chapter. :   1 + 2 + 3 + 4 + 5
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၊ အခန်း ၁ : အိပ်မရလောက်အောင်ကို လွမ်းတယ်
မအိပ်ခင်၊ ရီဝမ်ဝမ် စီရီဟန်ထံသို့ စာတစ်စောင် ပို့လိုက်ပါ၏။
[ချစ်၊ ကျွန်မ ရှင်ကို သိပ်သိပ်ကို လွမ်းတာပဲ။ ညညဆိုလည်း အိပ်လို့မပျော်လောက်အောင်ကို အရမ်းအရမ်းကို လွမ်းတယ်။ လာမယ့်သောကြာနေ့ကစပြီးတော့ ကျွန်မ ကျောင်းဆောင်မှာ မနေတော့ဘူး။ နေ့တိုင်း အိမ်ကိုပဲ ပြန်လာတော့မယ်!ချစ် ပျော်လား ?]
ချင်းရူရှီ ရှန်းမြိုကနေ ပြန်ရောက်နေပြီဖြစ်တာမို့ သူမသည် စီရီဟန်ဘက်ကို ပိုလို့အပိုင်ချုပ်ထားမှ ရပေလိမ့်မည်။
ဒါ့အပြင် စာမေးပွဲကြီးလည်း နီးလာပြီ ဖြစ်ရကား။ သူမသည် ဒီအခွင့်အရေးကို ယူကာ စီရီဟန်ကို သူမအား သချာင်္သင်ပြပေးဖို့ ပြောရမည်။ ဒါသည် ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်ခြင်းပါတည်း။
မိနစ်အနည်းငယ်အတွင်း။ သူမရဲ ဖုန်း မြည်လာပါ၏။ --
စီရီဟန်၏ ပြန်စာ : [အင်း]
ရီဝမ်ဝမ်။ စောင်အောက်ထဲ ၀င်ကာ ကျိတ်ရယ်လိုက်တော့သည်တည်း။
အား၊ ငါရဲ့ အီစီကလီ ကလိကလိ မက်ဆေ့ခ်ျတွေကို ဖတ်လိုက်တိုင်း စီရီဟန်ရဲ့အမူအရာ ဘယ်လိုဖြစ်ဖြစ်သွားမလဲ သိချင်လိုက်တာနော်။
အကြိမ်တိုင်း သူ ဒီလိုမျိုး တည်တည်ငြိမ်ငြိမ်နဲ စာပြန်ပို့လာနိုင်တာကို
ငါ တကယ်ပဲ ချီးကျူးတယ်။
[အိုး၊ ဟုတ်သားပဲ ! ဖြူကောင်ကြီးရော အိမ်မှာ ရှိလား ? ကျွန်မ ဖြူကောင်ကြီးနဲ ကစားချင်တယ် !] ရီဝမ်ဝမ် ထပ်မမေးလိုက်ခြင်း။
အိုး၊ ငါ တကယ်ပဲ ဖြူကောင်ကြီးကို လွမ်းလိုက်တာ !
ဖြူကောင်ကြီး ကျင်းဥယျာဉ်မှာ ရှိလောက်ပါ့မလား ။