Arc 1: Chapter (5)

4.2K 539 65
                                    

Zawgyi
အနက်ရောင်ကြာပန်း အပိုင်း(၅)

လော့ယန်၏စကား ကြားလိုက်သည်နက် ပိုင်ဝေ့မျက်နှာ ဖြူရော်သွားတော့သည်။ ပတ်ပတ်လည်ကလူတွေကို အသနားခံသည့်အကြည့်ဖြင့် အကူအညီ တောင်းလိုက်ပေမယ့်လည်း အားလုံးဟာ သူမကို လှောင်ပြုံးပြုံးရင်းနဲ့သာ ကြည့်နေကြလေသည်။ ဒီအချိန် ဘာတွေဖြစ်ကုန်တာလဲဆိုတာ အသေးစိတ်သိရဖို့ ဘယ်သူမှလိုက်မမှီတော့ဘူး။ ဒီမိန်းမက သူမကောင်းစားရေးအတွက် ခြေသလုံးကြီးကြီးကိုဖက်ဖို့ ဒီကို ရောက်လာတာမလား!

"ကျွန်မ မဟုတ်..."

သူမ ဒီလိုနည်းနဲ့ လွယ်လွယ်ထွက်သွားမည်မဟုတ်။ အားမော့ကို ဒီနေ့ထပ်တွေ့ရဖို့တောင် မလွယ်ကူတာ။ ပြီးတော့ သူမရဲ့လက်ဆောင်ကိုတောင် မပေးရသေးဘူးလေ။ ဒီလိုပုံစံနဲ့ သူမကို မောင်းထုတ်ရမယ်ထင်နေလား?!

"မိန်းကလေးပိုင်...ရှင့်မှာ ရွေးချယ်စရာမရှိဘူးနော်။ ဒီမှာဆက်ပြီးတော့ ပြသာနာရှာနေဦးမယ်ဆိုရင် ကျွန်မတို့ရဲခေါ်ရလိမ့်မယ်"

လော့ယန် တဖြည်းဖြည်း မျက်မှောင်ကြုတ်လာတော့သည်။ ကိုယ့်အခြေအနေကို ကိုယ်မသိတဲ့အရှက်မရှိတဲ့ မိန်းကလေးကြောင့် စိတ်ရှုပ်လာရတော့၏။ အခုချိန် သူမ ထိုမိန်းကလေးကို ပြောပစ်လိုက်ချင်တာက 'မိန်းမတွေက လူအများ ကိုယ့်ကိုလေးစားလာအောင် နေထိုင်တတ်ရတယ်။ ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားတတ်ရတယ်' လို့ပေါ့။ ဒါပေမဲ့ အခုကျတော့ ထိုမိန်းကလေးက ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးမထားသည့်အပြင် ယောက်ျားတွေအနားမှာ မျက်နှာပြောင်တိုက်၊ မရပ်မနား အနှောက်အယှက် လိုက်ပေးနေတာပဲ။ ပိုင်ဝေ့အပြုအမူတွေကြောင့် ကမ္ဘာပေါ်ကမိန်းမတွေ အားလုံးနဲ့အတူ သူမလည်းမျက်နှာပျက်မိသလို ခံစားလိုက်ရသည်။
(ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ် သလိုခံစားရ)

နောက်ပြီး လော့ယန်ကို ပိုပြီးစိတ်ရှုပ်စေတာက ပိုင်ဝေ့ရဲ့ ကိုယ့်အခြေအနေကို ကိုယ်မသိတတ်သည့်စိတ်အပြင် သွားဖို့ငြင်းဆန်နေသည့် အချက်ပင်။ ဒီနေ့ ပါတီကိုရောက်လာတဲ့သူတွေက ကျိကျိတက်ချမ်းသာကြွယ်ဝပြီး  သြဇာအာဏာကြီးသည့်မိသားစုများမှ အမွေဆက်ခံသူများ၊ သားသမီးများပင်။ ပိုင်ဝေ့ကျတော့ နောက်ခံကောင်းကောင်းမရှိ။ သူမရဲ့အပြုအမူ၊ စိတ်သဘောထားတွေက ဘယ်လောက်ပဲ အပြစ်ကင်းဖြူစင်နေပြီး အဖြူရောင်ဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်စားထားထား ဈေးပေါသည့်အချက်ကိုတော့ ဘယ်လိုမှဖုံးကွယ်ထား၍မရနိုင်ပေ။
ပိုင်ဝေ့ရဲ့အနေအထားအရ ဖိတ်စာကတ်ရဖို့ ပိုလို့ပင်မဖြစ်နိုင်။

You've reached the end of published parts.

⏰ Last updated: Jan 08 ⏰

Add this story to your Library to get notified about new parts!

ကြာပန်းဖြူကယ်တင်ရေး (Zaw+Uni)Where stories live. Discover now