စာစဉ် ၇ ( ၆ + ၇ + ၈ + ၉ + ၁၀)
15.2K 1.4K 32
Book. :  7
Chapter. : 6 + 7 + 8 + 9 + 10
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၊ အခန်း ၆ : အမုန်းတရား တန်ပေါင်းများစွာ
ဘယ်လိုတောင် ဂရုစိုက်ပေးတာလဲဟ!
မင်းသားလေးက ငါတို့တွေအရှေ့မှာကို
သူ့ရဲ့. အ၀တ်အစားတွေကို.တကယ်ကြီး.ချွတ်ပစ်တယ်!
ဒီလိုစိတ်လှုပ်ရှားမှုသည်ကား အဲဒီထိုထိုအသည်းစွဲဖြစ်နေကြသည့် မိန်းကလေးတွေအတွက်တော့ ကမ္ဘာမြေကြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည့်အလားပင်။
စက္ကန့်အနည်းငယ်လေးအတွင်းမှာပင်မိန်းကလေးတွေရဲ့
စူးစူးရှရှ အော်ဟစ်ကြသံတို့ကြောင့် အတန်း F ရဲ့ ခေါင်မိုးမှာလွင့်ထွက်ပြတ်သတ်သွားတော့လုနီးနီးပင်။
စီရှား။ အဲ့ဒီဆူညံဟစ်အော်နေကြသံတို့ကြောင့်
မျက်မှောင်ကို ကြုတ်လိုက်ရင်း။
"ပြသနာအိုး..."
ဒီလို ဖြစ်လာလိမ့်မယ်ဆိုတာ ငါ သိခဲ့တယ်။
ရီဝမ်ဝမ်အတွက်သည်ကတော့။ သူမသည် သူမရဲ့ ဦးခေါင်း
လေးကိုမော့ကြည့်လိုက်သည်နှင့်။ မြင်တွေ့လိုက်ရသည်မှာ။ စီရှားရဲ့အ၀တ်အစားသည် သူမအပေါ် လွှမ်းခြုံလျက်သား။ စီရှားသည်ကတော့ အပေါ်ပိုင်းအ၀တ်ဗလာဖြင့် နေရာမှာထိုင်လို့နေသည်ကို။
ရီဝမ်ဝမ်။ ရှော့ရသွားရတော့လေပြီ။
ငါ နည်းနည်းလေးလောက်ပဲငိုခဲ့မိတာပါ။
ဘာတွေ ဖြစ်သွားခဲ့တာလဲ ??!!!
"သောက်ကျိုးနဲ! နင် ဘာဖြစ်သွားတာလဲ?"
"မင်း မအေးဘူးလား? မင်းပဲအရမ်းအေးလို့ ငိုနေတာပါဆို!"
စီရှားချက်ကျကွက်ကျ ပြန်ဖြေလိုက်ခြင်းပါတည်း။
"..."
ငါ ဒါကိုဒီအတိုင်းလေးပဲပြောလိုက်မိတာပါ!