Mistake~9~သူ့ရဲ့မိသားစု

546 74 0
                                    

ကားကိုအမြန်မောင်းပြီး ကွန်ဒိုရှိရာသို့ပြန်လာခဲ့သည်
မျက်လုံးထဲတွင်ဘာမှမမြင်တော့
အဓိကက Planတစ်ခုခုမလုပ်သေးခင် သူပြန်ရောက်အောင်သွားရမည်
အနည်းဆုံး Planက article လောက်တော့တွေ့ပြီးလောက်ပြီ
ကွန်ဒိုမှာလည်းသတင်းထောက်တွေကအများကြီးမဟုတ်တေယင်အနည်းအကျဉ်းကသေချာပေါက်ရောက်လောက်ပြီ
Planသာအပြင်ထွက်လာရင်ပြသနာတွေကပိုရှုပ်သွားနိုင်တယ်မဟုတ်ပါလား...

ထင်သည့်အတိုင်းပင် ကွန်ဒိုအောက်တွင်သတင်းထောက်တစ်ချို့ရှိနေလေသည်
လုံခြုံရေး ဦးလေးကြောင့်သာ သူ့အခန်းရှေ့အထိမရောက်နေပေမယ့် ကွန်ဒိုအောက်တွင်တော့ စောင့်နေကြသေးသည်
Meanကားကိုမြင်တော့သူတို့က ပြေးလာပြီးကားဘေးကိုဝိုင်းအုံလာတယ်
ကင်မရာမီးတစ်ဖြတ်ဖြတ် မသဲကွဲသောမေးခွန်းအစုံတို့က
စိတ်ရှူပ်နေတဲ့လူကို ပိုပြီးဒေါသထွက်စေသည်မဟုတ်ပါလား

ကားပေါ်ကနေဆင်းလိုက်တော့ ကင်မရာများကသူ့ဆီချိန်ရွယ်လျက်
သတင်းထောက် က၁၀ယောက်ကျော်လောက်သာရှိသည်
ကားတံခါးကိုဆောင့်ပိတ်လိုက်ရင်း တစ်ယောက်ချင်းစီကိုကြည့်လိုက်ကာ

"ဘယ်ကနေထွက်လာမှန်းမသိတဲ့ သတင်း source တစ်ခါကိုသေချာမစုံစမ်းဘဲနဲ့ ကျွန်တော့အိမ်အထိရောက်လာတာက ဝတ္တရား နှောက်ယှက်မှူနဲ့ တရားစွဲလို့ရတယ်ဆိုတာအားလုံး နားလည်ကြတယ်မလား
ကျွန်တော့ရှေ့နေဆီဖုန်းမဆက်ခင် ရှေ့ကနေဖယ်ပေးကြရင်ကောင်းမှာပဲ..."

Meanက ပြုံးပြီးပြောနေပေမယ့် သူ့အသံထဲမှာ အလွန်အမင်းဒေါသထွက်နေပြီး တကယ်လုပ်မယ့်အရိပ်အယောင်တွေကိုမြင်နေရတာကြောင့် သတင်းထောက်တွေက သူသွားမယ့်လမ်းကိုရှင်းပေးလိုက်သည်
သူက ထိုလူများကိုကျော်လာပြီးမှ နောက်ကိုပြန်လှည့်ကြည့်ကာ

"ခင်ဗျားတို့် ကျွန်တော့်ကိုအခုလိုလာပြီးလုပ်နေမယ့်အစား
တကယ့်idolတွေကြားက အောက်ဖဲလေးတွေသွားရှာပြီးဖော်ကြပါလား အနည်းဆုံး တော့ ကျွန်တော့်လိုဘာမဟုတ်တဲ့ကောင်ထက် စိတ်ဝင်စားစရာသတင်းတွေရနိုင်တာပေါ့..."

Meanက နှုတ်ခမ်းကိုမဲ့ကာ မဲ့ပြုံးပြုံးပြလိုက်ရင်း ဓာတ်လှေကား ဆီသို့သွားလိုက်သည်

Mistake-မှားယွင်းခြင်း(မှားယွင်းခြင်း)Where stories live. Discover now