Mistake~11~ရှုပ်ထွေးခြင်း

766 75 24
                                    

ဂျူတီကုတ်လေးကိုလက်မှာပိုက်ပြီး Busကားပေါ်တက်လာခဲ့လိုက်တယ်ူ
ကားအနောက်ဆုံးခုံရှေ့က ခုံမှာထိုင်ရင်း အပြင်ကိုသူခပ်ငေးငေးကြည့်နေတယ်
နားကြပ်လေးကိုတပ်ကာ FMကိုဖွင့်လိုက်တော့
ခပ်အေးအေးသီချင်းတစ်ပုဒ် ကထွက်ပေါ်လာလျက်
ကော်ဖီဆိုင် မှာ ကြားခဲ့ရတဲ့သီချင်း

"Untitled 2014"

အပြင်ဖက်ကိုငေးကြည့်ရင်းအဆွေးသီချင်းနားထောင်ကာ Busကားစီးရတဲ့ ခံစားချက်....

လွန်ခဲ့တဲ့ ၁၀နှစ်လောက်က Busကားရဲ့ ရှေ့နားကခုံမှာထိုင်တတ်တဲ့လူတစ်ယောက်ကို ဒီနေရာကနေအမြဲတမ်း ငေးကြည့်နေကြ
ဒီနေရာမှာပဲ အဲ့ဒီလူရဲ့ပခုံးကိုမှီရင်း သီချင်း နားထောင်ကာ အိပ်နေကြ
အခုတော့တစ်ယောက်ထဲပေါ့
ကြိုးတစ်ချောင်းက ဖြတ်သင့်တဲ့အချိန်ကျဖြတ်ရမှာပဲမလား
တွယ်တာခြင်းမရှိဘဲနဲ့လေ
ပြတ်ခဲ့ပြီးသားကြိုးကိုပြန်ဆက်ထားတဲ့ ကြိုးထုံးကရော ဘယ်လိုလုပ်လှနိုင်ပါ့မလဲ
အခန့်မသင့်ရင် ပြန်ပြီးပြတ်သွားမှာပဲ

ပါးပြင်ပေါ်စီးကြလာတဲ့ပူနွေးနွေမျက်ရည်တစ်စကိုသုတ်လိုက်တယ်

ဆေးရုံနားကမှတ်တိုင်ရောက်တော့ ကားပေါ်ကနေခပ်ဖြည်းဖြည်းဆင်းလိုက်ပြီး ဆေးရုံဆီသို့လမ်းလျှောက်သွားလိုက်တယ်
နားကြပ်ကိုမူဖြုတ်မထားမိ
နောက်မှပခုံးကိုလာပုတ်တဲ့လက်တစ်ဖက်ကြောင့်
နောက်ကိုအလန့်တကြားလှည့်ကြည့်မိလိုက်တော့

"Ji Na"

ဂျူတီကုတ်နှင့်သူမကလှပလွန်းသည်
သူ့ရဲ့တစ်ယောက်ထဲသော သူငယ်ချင်း
မွေးရပ်မြေ မှာကတည်းကအတူတူကျောင်းတက်လာပြီးဆရာဝန်ဖြစ်သည်အထိအတူတူကြီးပြင်းလာသောသူငယ်ချင်း
သူမဘေးတွင် အကို Jae Hoonကိုလည်းအတူတူတွေ့လိုက်ရတယ်

"စီနီယာ Jae Hoon မင်္ဂလာပါ "

JiNaက JaeHoonလက်ကိုချိတ်ထားကာ
ချိတ်ထားတဲ့လက်ရဲ့ လက်သူကြွယ်မှာ လက်ထပ်လက်စွပ်လေးကတောက်ပလျက်
သူတို့ နှစ်ယောက် လက်ထပ်ထားကြတာ ၃နှစ်တောင်ပြည့်တော့မည်ဖြစ်ကြောင်း Planသတိရလိုက်မိတယ်

ကျောင်းတုန်းက ဆို  ဆတ်ဆတ်ထိမခံတဲ့ JiNaနဲ့ စီနီယာ ပီပီအနည်းငယ်ဟောက်တတ်တဲ့ JaeHoonတို့ကလုံးဝတည့်ကြတာမဟုတ်တာတစ်မေဂျာလုံးအသိ
ဒီနှစ်ယောက်ကဘယ်လိုဖူးစာကြောင့်များငြားသွားလေသလဲတော့ Plan စဉ်းစား၍မရပေ...

You've reached the end of published parts.

⏰ Last updated: Feb 10, 2020 ⏰

Add this story to your Library to get notified about new parts!

Mistake-မှားယွင်းခြင်း(မှားယွင်းခြင်း)Where stories live. Discover now