အပိုင်း(၁) နှိုင်း​သော်​ထက် zaw&uni

830 18 0
                                    

အရမ်းချမ်းသာသည်​လည်းမဟုတ်​။ ဆင်းရဲသည်​ဟုလည်း မဆိုနိုင်​သည့်​ မြို့နယ်​​လေးတစ်​ခုရဲ့ တစ်​​နေရာ​တွင်​ ဖြစ်​ခဲ့သည်​။

ရန်​ကုန်​တိုင်း​ဒေသကြီး​မြောက်​ပိုင်းခရိုင်ထဲမှအပါအဝင်​ဖြစ်​​သော မင်္ဂလာဒုံမြို့နယ်​မှ အစိုးရပိုင်​အလယ်​တန်း​ကျောင်း​လေးတစ်​​ကျောင်း။

ကျောင်းပတ်​ဝန်းကျင်​တွင်​ လူများ အမြဲတစ်​​စေရှုပ်​​ထွေး​နေတတ်​ပြီး ​ဈေးနှင့်​လည်းနီး​သော​ကြောင့်​ ဆိုင်​ကယ်​လည်းရှုပ်​၊ကားလည်းရှုပ်​သည်​။

ထိုစဉ်​ ​​ကောင်​မ​လေးတစ်​​ယောက်​ ဆိုင်​ကယ်​အ​နောက်​ခန်းက​နေလိုက်​ပါစီးနှင်းလာရင်း ​ကျောင်း​ရှေ့တွင်​ ဆိုင်​ကယ်​​လေးက ရပ်​သွား​တော့သည်​။

သူမရဲ့ပုံစံက ရင်​ဖုံးအဖြူ၊ ထဘီအစိမ်းနှင့်​ ​ပိတုန်း​ရောင်​ဆံ​ကေသာထက်​မှာ ဆံပင်​​ရှေ့ချကိုမှ ကလစ်​​လေးနှစ်​ခုက တစ်​ဖက်​တစ်​ချက်​စီ ညှပ်​ထား​လေသည်​။

ဆံပင်​မှာ အရှည်​ကြီး​တော့မဟုတ်​ နား​အောက်​နည်းနည်းသာ​ကျော်​ပြီး အထပ်​အထပ်​ပုံစံမျိုးလုပ်​ထားသည်​မို့ သူမနှင့်​​တော့လိုက်​ဖက်​လှပါသည်​။

သူမက ဆိုင်​ကယ်​ထက်​က ​ဖြေးညင်းစွာဆင်းလာရင်း ​ကျောပိုးအိတ်​ ခရမ်းနု​ရောင်​​လေးကို ​သေချာ ပြန်​လွယ်​လိုက်​သည်​။

ပြီးသည်​နှင့်​ ဆိုင်​ကယ်ေ​ရှ့ခြင်း​တောင်းထဲမှ မိုးပြာ​ရောင်​ခြင်း​လေးကို ဆွဲယူလိုက်​သဖြင့်​ ထိုခြင်းထဲတွင်​ အစီအရီထည့်​ထား​သော သစ်​ခွစိမ်း​ရောင်​​ကော်​ထမင်းဘူး၊ မိုးပြာ​ရောင်​​ရေဘူးနှင့်​လက်​ကိုင်​ပဝါ​လေးပါ တစ်​ခါတည်းပါလာ​တော့သည်​။

သူမ​ကျောင်းထဲကိုတန်းမဝင်​လိုက်​​​သေးဘဲ ​​ကျောင်းရဲ့​မေ့​လျော့​နေပြီဖြစ်​တဲ့အ​ငွေ့အသက်​​လေး​တွေကို အရင်​ခံစား​နေလိုက်​သည်​။

သူမ​ကျောင်းရဲ့ ဆိုင်းဘုတ်​ကြီးကိုလည်း အတန်​ကြာ​အောင်​ ​ငေးကြည့်​​​နေခဲ့ပါ​သေးတယ်​။

ချစ်​​သောသူတိုင်းနာကျင်​ရသည်​​လေ...(completed)Where stories live. Discover now