အပိုင်း(၂) စုသန့်​မိုးzaw&uni

214 12 0
                                    

နှိုင်း​သော်​ထက်​နှင့်​ကျွန်​မ ခုနစ်​တန်းတွင်​ သူငယ်​ချင်းများအားစ​နောက်​ရင်းတွဲခဲ့ကြ​သော်​လည်း ကျွန်​မ သူမအ​ပေါ် ကြာလာ​တော့ ခံစားချက်​​တွေအ​ရောင်​​ပြောင်းလာခဲ့သည်​ထင်​ပါသည်​။

Anni date ​ရောက်​ခါနီးတိုင်း ရင်​​တွေခုန်​ရင်း ​ပေးမယ့်​လက်​​ဆောင်​ပြင်​ဆင်​ရတာနဲ့... ​ပြောရမယ့်​စကား​တွေကို မ​ပြောရဲလို့ စာချ​ရေးရတာနဲ့ရယ်​...

သို့​သော်​ ​နောက်​ပိုင်း သူမနှင့်​ကျွန်​မတို့၏ ဆက်​ဆံ​ရေးကို ဘယ်​အရာက ဝင်​​နှောင့်​ယှက်​ခဲ့မှန်းမသိ....

သူမက ​စောခွန်းထက်​ကိုတစ်​ဖက်​သတ်​ဖြစ်​​နေသည်​ဆို​သော သ​တင်း....

သူမကို ပိုင်​ခန့်​က တစ်​ဖက်​သတ်​ဖြစ်​​နေသည်​​ဆို​သောသတင်း...

သူမနှင့်​ကျွန်​မက တစ်​ကယ်​တွဲ​နေကြသည်​မဟုတ်​ ဟူ​သောသတင်း....

ထိုသတင်းများ​ကြောင့်​လား.....

သေချာသည်​တစ်​ခုက​တော့ သူမ ကျွန်​မကို ​ရှောင်​​နေသည်​မှာအလွန်​ပင်​ကြာခဲ့ပြီ...
ဖုန်းဆက်​လျှင်​လည်းမကိုင်​...
သူမက ဖုန်းနှင့်​လူနှင့်​မကပ်​ဟု​ပြော​သော်​လည်း သူမ အချိန်​ပြည့်​လိုင်း​ပေါ်မှာရှိ​နေသည်​ကို​တွေ့ရတတ်​ပါသည်​...

အရင်​တုန်းကဆို နှစ်​​ယောက်​အတူတူလက်​တွဲပြီး ​ကျောင်းကိုပတ်​​နေကျ။
သူမပြုံးလိုက်​လျှင်​လည်း သူမ​ဘေးတွင်​ရှိ​နေ​သော သစ်​ရွက်​က​လေးများကပင်​ ဘယ်​ညာမတိမ်းညွတ်​​တော့ဘဲ ရပ်​တန့်​သွားသလိုလို...

သူမ ပြုံးလိုက်​လျှင်​ အ​တော်​ပင်​ လှပါသည်​။ ပြုံးရင်​ သူများ​တွေလို မပြုံးတပြုံးမပြုံးတတ်​။
သွား​လေး​တွေ​ပေါ်လို့ မျက်​လုံးများမှိတ်​သည်​အထိ ပြုံးတတ်​သည်​။
ထိုအရာများကပင်​ ကျွန်​မ သူမအ​ပေါ် ခံစားချက်​များ အ​ရောင်​စွန်း​စေမိခြင်းပင်​။

သူမနှင့်​ကျွန်​မ ပြန်​နီးစပ်​​ရေးအတွက်​ ကျွန်​မ၏ ပထမဆုံး​ခြေလှမ်းအဖြစ်​ ​စောခွန်းထက်​နှင့်​ ပိုင်​ခန့်​ရှင်းအား ချိတ်​​စေပါသည်​။

ချစ်​​သောသူတိုင်းနာကျင်​ရသည်​​လေ...(completed)Where stories live. Discover now