စာစဉ် ၇ (11+12+13+14+15)
15.9K 1.6K 48
Book. :   7
Chapter. : 11 + 12 + 13 + 14 + 15
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၊ အခန်း၁၁ : စီရီဟန်ရဲ့မိန်းကလေး
ရောထွေးနေသည့်ခံစားချက်တို့ဖြင့် ။
လက်အိတ်တစ်စုံကိုလက်ခံလိုက်ရပါသည့် ရီဝမ်ဝမ်။
မပျော်ဘူး....
သူ ငါ့ရဲ့လက်တွေကိုကိုင်ထားပေးလိမ့်မယ်လို့ ငါ တွေးထားခဲ့တာ။ အဲဒီလိုသာဆိုရင် လေထုကနည်းနည်းပျော့ပျောင်းသွားပြီးတော့
သူ ဒေါသထွက်နေတော့မှာမဟုတ်ဘုး !
ဒါပေမယ့် ဒီအခုလက်ရှိအခြေအနေက ဘာလဲဟာ ။
သူ ဒေါသထွက်နေတာလားမထွက်တာလား ?
သူ့ရဲ့ဥာဏ်ရည်နိမ့်တဲ့အကြောင်းကိုခေါက်ထားလိုက်ဦး။
သူ့ရဲ့ မျက်နှာကတောင်မှ အရင်ပုံအတိုင်းကြီးပဲရှိနေတယ်။
အား သူ့လိုလူမျိုးကိုချစ်သူရထားရတာ အရမ်းခက်ခဲလိုက်တာ။
သူ ဘာတွေတွေးနေလဲဆိုတာကို ငါ လုံးဝကို ခန့်မှန်းလို့မရဘူး......
ရီဝမ်ဝမ် နောင်တတရားတို့ဖြင့် စုတ်သတ်မိရုံသာရှိသေး။ သူမဘေးတစ်ဝိုက်ဆီမှ လူတိုင်းသည် တံခါးဝမှ ပြီးပြည့်စုံလိုက်ဖက် တင့်တယ်လှသည့် စုံတွဲအား စိုက်ကြည့်နေမိကြရင်း ရှော့ရကာ ဆွံ့အမင်သက်သွားကြလေပြီ။
"ငါ...ငါ မြင်နေမိတာက....ရီဝမ်ဝမ် တကယ်ပဲ.... သူမက တကယ်ကြီး ချစ်သူရှိတယ်ပေါ့...."
"ပြီးတော့လည်းပဲ သူက အရမ်းကြီးအရမ်းကြီးကိုပဲ
ခန့်လိုက်တာ အားးးးး!"
"သူက စီရှားထက် ပိုပြီးတော့ကိုအများကြီး ကြည့်ကောင်းပါတယ်လို့ သူမ ပြောခဲ့တာက အပိုတွေ ပြောနေခဲ့တာမဟုတ်ဘူးပေါ့ !သူ့ရဲ့မျက်နှာလေးနဲ့တင်ကိုကွက်တိကျနေပါပြီ !"