Zawgyi
သူဘူတာရုံထဲရောက်တော့ ရထားထွက်ဖို့၁၀မိနစ်လောက်သာလိုတော့သည်။ ခပ်သွက်သွက်ရထားပေါ်တက်ကာအထုတ်တွေနေရာချရင်း ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်နေမိသည်။ အထူးတွဲဖြစ်၍အထက်အောက်ခုတင်လေးလုံးရယ် ဘာညာတင်ဖို့စားပွဲလေးရယ် အိပ်သာရယ်အစုံပါသော သီးသန့်အိပ်ခန်းငယ်လေးပုံစံဖြစ်သည်။
အောက်ဘက်မှခုတင်များမှာ အရှင်ဖြစ်သောကြောင့် ခေါက်လိုက်လျှင်အပြင်ကိုအေးဆေးထိုင်ကြည့်လို့ရသောခုံဖြစ်သွားကာ ညရောက်လျှင်တော့ အပေါ်ဘက်မှခုတင်ပေါ်တက်အိပ်လို့ရနိုင်သည်။
အစကဒီလေးယောက်စီးတွဲတစ်တွဲလုံးကို လက်မှတ်ဖြတ်ဖို့သူလုပ်ခဲ့သော်လည်း ၂ယောက်စာဝယ်ထားပြီးသားသူရှိသောကြောင့် ကျန်သော၂ယောက်စာသာ ဝယ်လို့ရခဲ့သည်။
Mean : ဒီအခန်းထဲ လူလေးယောက်ကျပ်ကျပ်တည်းတည်းနေရမယ့်အစား ၂ယောက်တည်းဆိုတာ့လည်းဆိုးတော့မဆိုးပါဘူး။ နောက်တစ်ယောက်ကဘယ်လိုလာအုံးမလဲမသိဘူး..ခုထိမရောက်လာသေးဘူးဆိုတော့ မလိုက်ဖြစ်ဘူးနဲ့တူတယ် ဂေါ်တာပဲ
မကြာခင် ရထားဥသြဆွဲသံစူးစူးရှရှထွက်ပေါ်လာပြီး ငြိမ်သက်နေသောရထားကြီးသည် တစ်ဖြည်းဖြည်းနှင့်စတင်ရွေ့လျားလာကာ ဘူတာမှထွက်ခွာဖို့ပြင်လေသည်။ ပြတင်းပေါက်မှာနေရာယူလိုက်ရင်း အပြင်ဘက်မှလူတွေကိုငေးကြည့်နေချိန် ရထားဆီသို့အူယားဖားယားပြေးလာသောကောင်လေးတစ်ယောက်
အထုတ်ကြီးအထုတ်ငယ်အသွယ်သွယ်နှင့် ရထားနောက်ကို အသည်းအသန်ပြေးလိုက်နေတာ ဗရုတ်သုတ်ခကောင်လေးကို ကြည့်ရင်းခေါင်းတစ်ချက်ခါမိသည်။ စထွက်ကာစချိန်မို့ ရထားကနှေးသေးသည်ဖြစ်ရာ တစ်ဖြည်းဖြည်းမှီလာသလို ထိုကောင်လေးဦးတည်ရာနေရာသည် သူ့အတွဲဆီဖြစ်နေ၍မျက်လုံးပြူးသွားသည်။
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်းအကွာ.... ( U+Z )
Fanfictionအမှတ်တမဲ့ ခလုတ်တိုက်မိလိုက်တဲ့ အဝါရောင်ပျော်ရွှင်ခြင်းတွေ..... ခပ်ဝေးဝေးမှာ သွားရှာစရာမလိုပါဘူး တခါတလေတော့လည်း ချစ်ခြင်းမေတ္တာဆိုတာ ကျွန်တော်တို့ရဲ့လက်တစ်ကမ်းအကွာမှာပဲရှိနေတတ်ပါတယ် 💙💚