Zawgyi
Plan : မင်းအကျီင်္တွေအရင်လဲထားလိုက် ငါရေနွေးသွားတောင်းလိုက်အုံးမယ်
ဟိုဘက်အိမ်သို့သွားရန်ပြင်နေသော သူ့လက်ကိုဖြတ်ခနဲလှမ်းဆွဲထားကာ
Mean : မြန်မြန်ပြန်လာနော်
Plan : အေးပါဟ...သွားလိုက်အုံးမယ်
Plan အပြင်ထွက်သွားတာနဲ့ အဝတ်အစားတွေလဲကာ ခေါင်းအစိုကြီးနှင့် အိပ်ယာပေါ်တွင် ဒီိတိုင်းလှဲချလိုက်သည်။ တစ်နေကုန်ပင်ပန်းခဲ့သည့်အရှိန်နှင့် ခဏလေးအတွင်းမှာပဲ သူလည်းအိပ်ပျော်သွားခဲ့လေသည်။
ပထမဆုံးအာရုံထဲတွင် ဝိုးတစ်ဝါးဖြစ်နေပေမယ့် တစ်ဖြည်းဖြည်းမြင်ကွင်းကကြည်လင်လာသည်။
စိမ်းစိုနေသောမြက်ရိုင်းပင်အရှည်ကြီးတွေရှိသောကွင်းပင်ကြီးထဲမှာ ၅နှစ်အရွယ်ကလေးတစ်ယောက်အဖြစ် သူတတစ်ယောက်တည်းပြေးလွှားနေခဲ့သည်။ ပြေးရင်းနဲ့ အနားကလက်လှမ်းမှီရာမြက်ရိုးတံရှည်ကြီးတစ်ခုချိုးကာ အလံလိုမျိုးလွှင့်ထူရင်းမွေ့ယမ်းနေသေးသည်။ လမ်းတစ်လျောက်ရှိရေအိုင်သေးသေးလေးတွေကို ခုန်ဆွခုန်ဆွနှင့်ဖြတ်ကျော်ရင်း အားရပါးရရယ်မောနေခဲ့သည်။ ဟိုးအရှေ့မှာတော့ သူ့ကိုရပ်စောင့်နေသော ဦးလေးကြီးတစ်ယောက်....သူအားရပါးရပြုံးကာ သွားဖို့ပြင်နေတုန်း မြင်ကွင်းကပြောင်းသွားလေသည်။အပြင်မှာ ကမ္ဘာပျက်သလိုမိုးတွေထစ်ချုန်းရွာနေချိန် သူတို့အိမ်ဟုထင်ရသည့် အိမ်ထဲမှာလည်းတိုက်ပွဲတွေပြင်းထန်နေသည်။ မိုးသံတွေနဲ့အပြိုင် ဆူညံနေတဲ့ရန်ဖြစ်သံတွေ ဆဲဆိုသံတွေကိုမကြားရအောင် နားတွေအတင်းပိတ်ထားပေမယ့်လည်း တစ်ချက်တစ်ချက်နားထဲဝင်လာသည်။ အိမ်နောက်ဖေးတံစက်မြိတ်အောက်အမှောင်ထဲတွင် တစ်ယောက်ထိုင်ငိုနေသောသူ့ကို ဘယ်သူ့မှသတိမထားမိသလို ဂရုလည်းမစိုက်ကြပေ။ သူကြောက်လို့တစ်ဆတ်ဆတ်တုန်နေကာ အားရပါးရငိုနေပေမယ့်လည်း နှစ်သိမ့်ပေးမည့်သူတစ်ယောက်မှမရှိ........
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်းအကွာ.... ( U+Z )
Fanfictionအမှတ်တမဲ့ ခလုတ်တိုက်မိလိုက်တဲ့ အဝါရောင်ပျော်ရွှင်ခြင်းတွေ..... ခပ်ဝေးဝေးမှာ သွားရှာစရာမလိုပါဘူး တခါတလေတော့လည်း ချစ်ခြင်းမေတ္တာဆိုတာ ကျွန်တော်တို့ရဲ့လက်တစ်ကမ်းအကွာမှာပဲရှိနေတတ်ပါတယ် 💙💚