စာစဉ် ၇ (၁၆+၁၇+၁၈+၁၉+၂၀)
16.1K 1.6K 52
Book. :  7
Chapter. :  16 + 17 + 18 + 19 + 20
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၊ အခန်း၁၆ : အရူးနဲ့တူလာပြီ
ရွှီရီ။ စံနှုန်းမြင့်မြင့်ရှိပါတယ်လို့ ခုလေးတင် ကြေညာလိုက်တဲ့ သူ့ရဲ့သခင်လေးကို ကြည့်လိုက်ပါ၏။ နောက်။ သူ့နံဘေးက အံ့သြမင်သက်လို့်နေသည့် ရီဝမ်ဝမ်ကို ဆွံ့အစွာ ကြည့်လိုက်မိချေတော့ပြီ။
ဒီအခိုက်။ သူ့ရဲ့သခင်လေးသည် လက်တွဲဖော်ရဲ့စံနှုန်းထားဟာ ပြိုင်ဘက်ကင်းဟုပြောလိုက်စဉ်တုန်းက လျိုယင် ဘယ်လိုခံစား လိုက်ရမလဲဆိုသည်ကိုပင် တစ်မျိုးတစ်ဘာသာ နားလည်လို့ သွားမိလေတော့ပြီ။
"မေးစရာရှိသေးလား ?"
စီရီဟန် မေးလိုက်လေရာ။
ရီဝမ်ဝမ်။ သူမရဲ့ခေါင်းကို ခါယမ်းလိုက်ပြီး။
"မရှိဘူး...ဒါပဲ....ကုတ်အင်္ကျီယူလာပေးတာကျေးဇူးပဲနော်...ပြီးတော့ လက်အိတ်တွေအတွက်ရောပဲ...အပေါ်ကကျားရုပ်လေးက အရမ်းချစ်ဖို့ကောင်းတယ်...ရှင်ကိုယ်တိုင် ရွေးခဲ့တာလား ?"
စီရီဟန် : "ရွှီရီ ပြင်ပေးထားတာ"
ရွှီရီ : "..."
သခင်ကြီးရယ်။ ကျေးဇူးပြုပြီးတော့ ကိုယ့်ရဲ့အသိတရားကို ပြန်ပြီးစစ်ဆေးကြည့်ပြီးတော့ နောက်တစ်ခေါက်လောက် ပြောကြည့်လိုက်ပါဦးလား !
ဟုတ်တာပေါ့၊ ကျွန်တော် ပြင်လာခဲ့တာ။ ဒါပေမယ့် ကျွန်တော် သခင်လေးအတွက် အစုံ၁၀၀လောက် ပြင်ပေးခဲ့တာတောင်မှ သခင်လေး ဒီတစ်ခုကိုတွေ့မှပဲ စိတ်အလိုကျသွားခဲ့တာ မဟုတ်ဘူးလားဗျာ ?!
"အိုး..." ရီဝမ်ဝမ် ခေါင်းညိတ်ပြလိုက်ပြီး။
နောက်။ မေးလိုက်သည်ကား။
"ဖြူကောင်ကြီးရောအိမ်မှာပဲလား?"
"အင်း"
ပြန်ဖြေလိုက်ပါသည့် စီရီဟန်။
သူ့ရဲ့အဖြေကို ကြားလိုက်ရသည့်အခိုက်။