Part1(စတင်ခြင်း)

5.5K 202 3
                                    

ဆောက်​လက်​စ အ​ဆောက်​အအုံများစွာရှိ​သောလုပ်​ငန်းခွင်​တစ်​ခု...
စက်​ပစ္စည်းအင်​အားအပါအဝင်​ ကိုယ်​စီကိုယ်​ထတက်​ကြွစွာအလုပ်​လုပ်​ကိုင်​​နေ​သော ​ဆောက်​လုပ်​​ရေးလုပ်​သားများ..
ပင်​ပန်း​သော အလုပ်​ဖြစ်​​သော်​လည်း အပြုံးအရယ်​မပျက်​ တစ်​​ယောက်​နဲ့တစ်​​ယောက်​အစအ​နောက်​မပျက်​ ​အော်​ကာဟစ်​ကာနဲ့ကျရာတာဝန်​ကို​ကျေပွန်​​အောင်​လုပ်​​ဆောင်​​နေကြ​သောအလုပ်​သမားများ ....

ရုပ်​ဆိုးအကျည်းတန်​​သော ဖြစ်​ရပ်​မဖြစ်​ပွားခင်​အထိ.....

ကြမ္မာငင်​​သော လူတစ်​​ယောက်​ ​ဆောက်​လက်​စတိုက်​​ပေါ်မှ မပြုတ်​ချခင်​အထိ....

ဖြစ်​ရပ်​ဆိုးကြီးတစ်​ခု အသက်​မဝင်​လာအထိ သူတို့လဲ​ပျော်​ရွင်​​နေကြသလို ရာသီဥတုဟာလဲပုံမှန်​​နေ့​တွေထက်​သာယာ​နေခဲ့ပါတယ်​.....

                           Sweet Lies

"Saintလေးရေ ပြီးမှဆက်​လုပ်​ ထမင်းစားလိုက်​ဦး​နော်​"

အချိန်​ပိုင်းအလုပ်​ဖြစ်​​သော စား​သောက်​ဆိုင်​မီးဖို​ချောင်​သန့်​ရှင်း​ရေးလုပ်​​နေရင်းနဲ့မှ ဆိုင်​ရှင်​အ​ဒေါ်ကြီးက ထမင်းနှင့်​ဟင်းကို သူ့အတွက်​ဗန်းနှင့်​လာချ​ပေးသွားသည်​။

စား​သောက်​ဆိုင်​ဖြစ်​သည့်​အ​လျှောက်​ အစားအ​သောက်​က​ပေါသလို ဆိုင်​ရှင်​အ​ဒေါ်ကြီးက Saintကိုဆို အ​ကောင်​​သေးတာမို့အစားအ​သောက်​များများစားဖို့လဲတိုက်​တွန်းတတ်သေးသည်​။
အခုလဲကြည့်​ လာချ​ပေးသွား​သော ဗန်းထဲတွင်​ အစားအ​သောက်​​တွေကအလျှံပယ်​။
အခုမစားဘဲပါဆယ်​ယူပါက အိမ်​ပြန်​​ရောက်​လျှင်​အ​ဖေ​ရော သူ​ရော စားနိုင်​​လောက်​တဲ့အထိကိုများသည်​။
Saint တစ်​ချက်​ရယ်​မိရင်း လုပ်​လက်​စအလုပ်​ကိုလက်​စသတ်​ရသည်​။ မနက်​ကတည်းက ဘာမှမစားရ​သေးတာမို့ အမှန်​အတိုင်း​ပြောရလျှင်​သူဆာ​နေပြီ။ အငမ်းမရမဖြစ်​​သော်​လဲ တတ်နိုင်​သ​လောက်​ခပ်​မြန်​မြန်​စားဖြစ်​သည်​။စား​နေရင်းနဲ့မှ ​ဘောင်းဘီထဲမှတုန်​ခါလာ​သော phone vibration.. ...သူ့မှာ စားလက်​စကိုအတင်းမြိုချကာဖုန်း​ပြောဖို့ပြင်​ရသည်​။

Sweet Lies(Complete)Where stories live. Discover now