Part7

2K 188 10
                                    

ဒီနေ့လဲစောစောUpပေးတယ်နော်😘😘

~~~~~~~~~~~~~~~~~

"Saint ငါ​ပြောစရာရှိတယ်​"

အလုပ်​မသွားခင်​မနက်​စာ​လေး​ ​ကျွေးချင်​လို့အားတက်​သ​ရောပြင်​ဆင်​ကာ Pနဲ့အတူတူစားရန်​ ​စားပွဲတွင်​စိတ်​ရှည်​လက်​ရှည်​ထိုင်​​စောင့်​​နေမိသည်​...မနက်​မိုးလင်းသွားနှိုးကတည်းကအခုထိ မျက်​နှာမကြည်​မသာနှင့်​ Pဟာ မနက်​စာပင်​​ဖြောင့်​​အောင်​တန်း​အောင်​မစားဘဲ တစ်​ခုခု​ပြောရန်​ဆိုင်းပြင်​နေသည်​...

"အ​ရေးမကြီးရင်​​နောက်​မှ​ပြောပါလား Pရဲ့ ...ကျွန်​​တော်​လဲအချိန်​သိပ်​မရဘူး စားပြီးတာနဲ့​ကျောင်း​စော​စောသွားရမှာ စာ​မေးပွဲအတွက်​ စာကြည့်​တိုက်​သွားဖို့ရှိတယ်​"

ဘာ​ပြောမလဲသူသိသည်​... Pဟာ​နောက်​ဆုံး​တော့ သူ့​ကြောင့်​ထပ်​ပြီး စိတ်​ရှုပ်​မခံနိုင်​​တော့ပုံ​ပေါ်သည်​...​အကုန်​ဖွင့်​​ပြောကာသူနှင့်​ ရှိရှိသမျှ ဇယားအကုန်​ရှင်းချင်​​နေမှန်း သိ​သော်​လဲ Pကိုသူလက်​လွတ်​မ​ပေးနိုင်​ပါ ...မနက်​စာအတူတူစားရင်းကြည်​ကြည်​နူးနူးဖြတ်​သန်းမည်​ဟု စိတ်​ကူးထားတာ​လေး​တွေဟာလဲ ကြက်​​ပျောက်​ငှက်​​ပျောက်​...

စကားစထပ်​မစလာခင်​ ပန်းကန်​ထဲက ​ပေါင်​မုန့်​မီးကင်​ကိုပါးစပ်​ထြဲဖစ်​သလိုထိုးထည့်​ ​ကော်​ဖီကို ​မော့​သောက်​ကာ စားပွဲမှထလာခဲ့သည်​ ...

"P သွားပြီ​နော်​ ည​နေမှ​တွေ့မယ်​​စော​စောပြန်​လာခဲ့"

အ​နောက်​ကဘယ်​အချိန်​လှမ်း​ခေါ်လိုက်​မလဲ ဆိုပြီး တက်​နိုင်​သမျှ​ခြေလှမ်းကြဲများနှင့်​ တိုက်​ခန်းမှထွက်​လာမိသည်​ ...ကားမှတ်​တိုင်​နား​ရောက်​လို့ သတိပြန်​ကပ်​မိ​တော့ သူ့မှာအ​ပြေးတစ်​ပိုင်း နဲ့ ဖရိုဖရဲ ​မောလို့ပင်​​နေသည်​...ဘဝကရင်​နာစရာ​ကောင်းတယ်​...ချစ်​​ပေးတဲ့ အ​ဖေကျ​တော့ မျက်​စိ​ရှေ့တင်​ ​သွေးသံရဲရဲနဲ့ လက်​လွတ်​လိုက်​ရတယ်​...​ဘေးနားဘယ်​သူမှမရှိမှာ​ကြောက်​လို့... Pကိုကျ​တော့လဲ သူ့​ကြောင့်​စိတ်​ရှုပ်​​နေမှန်းသိသိနဲ့ အရှက်​မရှိ တွယ်​ကပ်​​နေရ​သေးတယ်​...

Sweet Lies(Complete)حيث تعيش القصص. اكتشف الآن