စာစဉ် ၈ ( ၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈ + ၉ + ၁၀ )
18.6K 1.4K 37
စာစဉ် ၈၊ အခန်း ၁ ။ ကိုယ့်ရဲ့စွမ်းရည်ကိုအထင်သေးတာလား
အခန်းထဲတွင် ။
ရီဝမ်ဝမ်၊ စီရီဟန်ပြောသည့်
"ကိစ္စတချို့ဖြေရှင်းပြီးတာနဲ့ ကိုယ်လာခဲ့မယ်" ဆိုတာကို ကြားလိုက်ရသည့်အခိုက် ဆွံ့အသွားမိတော့လေရင်း။
ဒါကဘာလို့ ခင်ပွန်းသည်အလုပ်ပြီးတာကိုစောင့်နေတဲ့ ဇနီးသည်တစ်ယောက်နဲ့ ငါ တူနေရတာလဲ။
ငါလေးက သေချာပေါက် ကျူရှင်ခလေးပေးဖို့တောင်မှ မတတ်နိုင်တဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်ပါနော် ။
တစ်ညလုံးလုံး သချာင်္ကိုအထပ်ထပ်အခေါက်ခေါက် တွက်ကြည့်နေ သည်မို့ သူမအားအင်တို့ကုန်ခမ်းနွမ်းနယ်လို့နေလေရာ။ သူမရဲ့ဦးခေါင်းလေးချလိုက်သည်နှင့် တစ်ရေးထဲ အိပ်မောကျသွားတော့လေပြီ။
သူမအိပ်ပျော်နေတုန်း အနားကိုကပ်လာနေသည့် ရင်းရင်းနှီးနှီးခြေသံ တစ်သံကို ကြားလိုက်သည်နှင့်အတူ အေးစိမ့်စိမ့်ထွက်လေ၀င်လေ သည်လည်း သူမလေးရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်လို့ လာချေပြီ။
ရီဝမ်ဝမ်။ သူမရဲ့မျက်မှောင်တို့ ကြုတ်မိသွားတော့လျက်။
သူမ အိပ်ချင်မူးတူးကယောင်ကတမ်းဖြင့်
တစ်စုံတစ်ရာအား ရေရွတ်လို့နေပါတော့၏။
စီရီဟန် ၊ သူမရဲ့ နှုတ်ခမ်းလေးကိုစိုက်ကြည့်လိုက်ပါပြီး သူ့ရဲ့လက်ချောင်းလေးတွေနဲ့ သာသာညင်းညင်းလေး ပြေးလွှားစေလိုက်ပါ၏။ သို့သော် သူ သူမလေးနား ကပ်သွားတော့မလို့ပြုခိုက် သူမလေးထပ်ခါထပ်ခါ ရေရွတ်နေသည်တို့ကို ကြားလိုက်ရတော့သည်ကား။
"nth term = a . rn-1 ..."
ဆက်တိုက် ရေရွတ်လို့နေပြီးသည့်နောက် သူမလေး သူ့ရင်ခွင်ထဲ ၀င်သွားတော့ပြီး ကိုယ်ငွေ့ကိုခံစားလိုက်ရသည့်တခန။ ရုတ်တရက်
သုမ ခေါ်ထွက်မိလာသည်ကား။ "ဒက်ဒီ...."
စီရီဟန် ။ "..."
ဒီနောက်။ သူမလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြန်လေပြီ။ အချိန်အကြာကြီးကြာပြီးနောက်မှ သူမလေးရဲ့ပုခုံးသားလေးတို့ အနည်းငယ် စတင်တုန်ရီလာကာစိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်တို့ဖြင့်