ဘုရားသခင် ငါ့ကို စိတ်ကောက်ပြေတဲ့နေ့က

41 4 2
                                    



ဘုရားသခင် ငါ့ကို စိတ်ကောက်ပြေတဲ့နေ့က
မင်းဟာ ငါ့အဆောင်တံခါးကို လာခေါက်တယ်
မင်းနဲ့ အတူရှိခဲ့တဲ့ နှစ်ရက်တာမှာ .....
လူ့ဘဝဟာ တိုတောင်းတယ်ဆိုတဲ့ ငါ့မှတ်ဉာဏ်တွေကိုပြုပြင်ပစ်ခဲ့
နှင်းလျော အတူတူစီးပြီး အေးစက်နေတဲ့ လက်နဲ့ ငါ့နားရွက်ကို လာကိုင်သွားတယ် .....
နှစ်ယောက်အတူ ဈေးဝယ်ထွက်တုန်းက အသားချင်း ဓာတ်လိုက်ခဲ့တယ် .....
မင်းစီက ချစ်တယ်လို့ အဖြေရတဲ့နေ့က ခုတင်ပေါ်မှာ ငါတပတ် ပြည့်အောင် လှိမ့်ပစ်ခဲ့တယ် ....
ဘုရားသခင် ငါ့ကို စိတ်ကောက်ပြေတဲ့နေ့က ....
သူက ငါ့အတွက်မင်းကို လက်ဆောင်ပေးခဲ့တယ် ....

19th March, 2018
|Thant Myat Htoo|

နင်မသိတဲ့ ငါ့ကဗျာWhere stories live. Discover now