Admitting My Love

928 79 12
                                    

  တကယ်​​တော့ ထို​နောက်​ဆက်​တွဲဆိုးကျိုးက တစ်​​နေ့​နေ့ တစ်​ချိန်​မှာ ​ပေါ်​ပေါက်​လာမယ်​ဆိုတာ Can သိပြီးသားဖြစ်​သည်​။ ​ပေါ်​ပေါက်​လာခဲ့ရင်​လည်​း ဘယ်​လို ​ရင်ဆိုင် ​​ဖြေရှင်​းရမယ်​  ဆိုတာကို Can ကြို​တွေးထားပြီးဖြစ်​သည်​။

ဒါ​ပေမဲ့ လက်​​တွေ့ ရင်​ဆိုင်​လိုက်​ရချိန်​မှ​ာ​တော့  Can ဘယ်​လိုမှ နလန်​မထူနိုင်​​အောင်​  နှလုံးသား​တွေ အပိုင်​းပိုင်​းအစစ ​ကြေမွ ​ကြွေကျ ခဲ့ရသည်​။
  ဖြစ်​ပွားပုံက​တော့ မနက်​စာစားအပြီးမှာ သူက အစီအစဉ်​ တစ်​ခု​ပြောကြားခဲ့သည်​။

ဒီ​နေ့ ဟိုတယ်​သွားဖို့မရှိဘူးဆို​တော့ ကိုးနာရီခွဲ​လောက်​ကျရင်​ စာအုပ်​မိတ်​ဆက်​ပွဲတစ်​ခုသွားရမယ်​၊ အဲ့ဒီကအပြန်​ ဂျပန်​ဆိုင်​​လေးတစ်​ခုမှာ ဂျပန်​စာ စားမယ်​

Can ထိုအစီအစဉ်​ဖြင်​့ ကိုးနာရီ​လောက်​မှာ အပြင်​သွားဖို့ အဆင်​သင်​့​့ဖြစ်​​နေပြီမို့ ဧည်​့ခန်​းထဲမှာ ကြို​စောင်​့​နေလိုက်​သည်​။ ကိုးနာရီ ထိုးပြီးသွားချိန်​မှာ​တော့ သူကလည်​း ပန်​းနု​ရောင်​ ပိုလို ရှပ်​လက်​တို ကို ဂျင်​းပန်​န်​ နှင်​့ တွဲဝတ်​ပြီး အိမ်​​ပေါ်မှ လန်​းဆန်​း​ပေါ့ပါးစွာ ဆင်​းလာပါသည်​။
ထိုအချိန်​မှာ Can တို့ နှစ်​​ယောက်​ကြား သို့ သူ့သူငယ်​ချင်​းဖြစ်​သူ Mark ဝင်​​ရောက်​လာမှ ပြသနာ စတင်​ခဲ့သည်​။

ဟာ....Mark ထူးထူးဆန်​းဆန်​း ဖုနး်​မဆက်​ပဲ ဘယ်​လို​ပေါ်လာတာလဲ

တမင်​မဆက်​တာကွ၊ ပစ္စည်​း ​လည်​း​ပေးစရာရှိလို့၊ အ​ရေးကြီးတဲ့ ကိစ္စ လည်​း​ပြောစရာရှိလို့

ဒါဆို ထိုင်​ဦးကွာ...ငါတို့ခုပဲ အပြင်​ထွက်​​တော့မလို့် ....

ရတယ်​ မထိုင်​​တော့ဘူး ...မင်​းစုံစမ်​းထားခိုင်​းတဲ့ ကိစ္စ အို​ကေပြီး Tin

ဟင်​ ! အို​ကေပြီ၊ မင်​းတကယ်​​ပြောတာလား Mark၊ ဒါဆို....

​နေဦး Tin ငါမင်​းတာအရင်​​ဖြေ၊ Pete ရဲ့အဖြစ်​ကို တိတိကျကျ သိရရင်​ မင်​းဘာလုပ်​မလဲ Tin

Can ရင်​ထဲ ဒုနး်​ခနဲ​ဆောင်​့တက်​သွားပြီး P'Mark ကို ​မော့ကြည်​့လိုက်​သည်​။

ချစ်​သူလူလည်​ချစ်​ဓားပြ​လေး 💙💚[completed]Where stories live. Discover now