Curing My Heart's pain

1K 81 9
                                    

နှဖူးမှစီးကျလာသည်​့​သွေး ​တွေက
နှလုံးသားမှ စီးကျလာသည်​့ ​သွေး​တွေကို မမီ.....
အပြင်​ဒဏ်​ရာ​က အတွင်​းဒဏ်​ရာ​လောက်​မဆိုး .....
​ခေါင်​းသာကွဲ​အောင်​ အရိုက်​ခံလိုက်​ချင်​ပါသည်​။
အတွင်​း​ကြေ ​ကြေ​နေတာက ​သေရာပါနိုင်​၏

Can ဘဝမှာ '​နေ'လည်​းကွယ်​ 'လ' လည်​း​ပျောက်​ ပြီး ​ကြယ်​က​လေး​တွေကပါ တဖြုတ်​ဖြုတ်​ ​ကြွေကျခဲ့ရ​လေသည်​။Can ခြံအပြင်​ဘက်​ ​ရောက်​​ရောက်​ချင်​းမှာပဲ ဘယ်​အချိန်​ လမ်​း​ပျောက်​သွားမှန်​းမသိသည်​့ ဝင်္ကပါ ထဲကို ​ရောက်​သွားသလို ခံစားလိုက်​ရပါသည်​။
​နောက်​ဆုံး​တော့ Can အရမ်​း​ပျော်​​နေချိန်​ပဲဖြစ်​ဖြစ်​ အရမ်​းဝမ်​းနည်​း​နေချိန်​ပဲဖစ်​ဖြစ်​
မ​ရောက်​​ရောက်​​အောင်​သွားတတ်​ခဲ့​သော ​နေရာ​လေးကို ​ပြေးမြင်​မိပါသည်​။ ထို​နေရာ​လေးက​တော့ တခြားမဟုတ်​၊ Ae တို့အိမ်​ပင်​ဖြစ်​သည်​။
ထိုစိတ်​ကူးဖြင်​့ Can Ae တို့အိမ်​​ရောက်​သွားရာ Ae အ​မေရဲ့ စား​သောက်​ဆိုင်​​လေး​ဘေးမှာ စတိုးဆိုင်​​လေးတစ်​ဆိုင်​ ပါ ပြည်​့ပြည်​့စုံစုံ တွဲဖွင်​့ထားတာ မြင်​လိုက်​ရတာမို့ Can ​ခြေစုံရပ်​ပြီး ကြည်​ကြည်​နူးနူးနှင်​့ စိုက်​ကြည်​့​နေမိပါသည်​။
အဲ့ဒါ ထက်​ပိုပြီး ကြည်​နူးစရာ​ကောင်​းတဲ့မြင်​ကွင်​းက​တော့ P'Pete နဲ့ Ae တို့နှစ်​​ယောက်​သား တစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည်​့ကာ မျက်​နှာမှအပြုံး၊ မျက်​ဝန်​းထဲမှာ အကြင်​နာအရိပ်​တို့ဖြင်​့ စကား​ပြော​နေကြပုံဖြစ်​ပါသည်​။
Can ရပ်​ကြည်​့​နေတာကို Ae က အရင်​မြင်​သွား​သောအခါ
Can ဆီ ဖျတ်​ခနဲ ခပ်​သုတ်​သုတ်​လှမ်​းလာ​တော့၏

ဟာ!Ai Can ,ဟမ်​...နဖူးမှာ​သွေး​တွေနဲ့၊ မင်​းဘာဖြစ်​လာတာလဲ ၊ ဘယ်​လိုဖြစ်​ပြီး​ရောက်​လာတာလဲ
........

​ပြောစမ်​းပါကွာ....ဘာဖြစ်​လညတာလဲ၊ ငါဘာလုပ်​​ပေးရမလဲ၊ မင်​း ဒီကိုလာလို့ရလို့လား ....ပြသနာ​တွေ အကြီးအကျယ်​ တက်​သွားမယ်​​နော်​ ၊ ဟိုမှာ P'Pete ရှိတယ်​

Can ​ရှေ့မှာ Ae ပြာပြာသလဲဖစ်​သွားပုံ​ကြောင်​့ Can စကားပြန်​မ​ပြောနိုင်​ဘဲ ပြုံးရုံသာပြုံးပြလိုက်​မိသည်​။ပြီး​တော့ နှဖူးက​သွေး​တွေကို လက်​နှင်​့သပ်​ချလိုက်​သည်​။​သွေး​တွေက​စော​စောကလို အများကြီး မထွက်​​တော့​ပေမဲ့ စီး​တော့စီးကျ​နေ​သေးသည်​။

ချစ်​သူလူလည်​ချစ်​ဓားပြ​လေး 💙💚[completed]Onde histórias criam vida. Descubra agora