part.. 3 (Zg& uni)

8.5K 658 21
                                    

zawgyi

ကြိုး

မသိစိတ်နဲ့ ချည်နှောင်မိပြီး
သတိထားမိတဲ့အချိန်မှာ ပြန်ဖြည်မရတော့တဲ့ကြိုးကို သံယောဇဉ် လို့ အမည်တပ်မယ်။
ရှားရတု❣❣

ရှား လိုင်းတက်လာတာ နာရီဝက်လောက်ရှိတော့မယ် ။ ဟိုအရင်ကလို သူ့ဆီက စာဝင်မလာပါ ။လိုင်းပေါ်ရှိမရှိ သိချင်ပေမဲ့ ရှား ဝင်မကြည့်ဖြစ် ။

သူ့ကို ရှားရှောင်နေမိသည် ။ လိုင်းမတက်တာ ငါးရက်ရှိပြီ ။ လိုင်းဖွင့်ဖွင့်ချင်း ဟိုအရင်ကလို စာတွေဝင်လာမလားလို့ မျော်သော်လည်း အရာရာကတိတ်တိတ်ဆိတ်ဆိတ် ။

နိုတီအမှတ်အသားပေါ်လာတာနဲ့ ရှား ချက်ခြင်းဝင်ကြည့်လိုက်မိသည် ။ ထင်တဲ့ အတိုင်းသူ ။ ရှားရဲ့ status လေးကို love react ပေးထားသည် ။ ရှိနေတာဘဲ ဘာလို့လာစကားမပြောတာလဲ ။ အို မပြောတော့လည်း အေးတာဘဲ ။ ဘာဖြစ်သေးလဲ ။ ဟိုအရင်ကလည်း တယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် ။ ခုလည်း အေးအေးလူလူပေါ့ ။

ရှား search bar မှာ ကဗျာဆရာတယောက်နာမည် ရိုက်ထည့် ရှာဖွေပြီး ကဗျာတွေ ဖတ်နေလိုက်သည် ။ ဆယ့်တစ်ထိုးခါနီးမှာ လိုင်းဆင်းပြီး ဖုန်းပိတ်လိုက်သည် ။ ဖုန်းလေးမီးမှိတ်သွားသော်လည်း မျက်ဝန်းတို့က လင်းပွင့်နေတာ အချိန်အကြာကြီး ။

💕💕💕💕💕💕💕💕💕💕💕💕💕

မျက်ဝန်းကို ပိတ်လိုက်ယုံနဲ့
အိပ်မပျော်နိုင်တာ သိလား ။

ကျေးဇူးပြု၍ စိတ်တံခါးကို ပိတ်ခွင့်ပေးပါ။
ရှားရတု❣❣

Postနှိပ်ပြီးတာနဲ့ ရှားလိုင်းဆင်းဖို့ပြင်လိုက်သည် ။ အိပ်ပျက်ညတွေကြောင့် ခေါင်းကမကြည် ။ ခေါင်းမကြည်တော့ စိတ်လည်းမကြည် ။ ဟုတ်တယ် ရှားစိတ်တွေတိုပြီး အရာရာကို အပြစ်မြင်နေတာ အိပ်ရေးမဝလို့ ။

ညနက်ချိန်အထိ လိုင်းပေါ်မှာ ရှိနေတာ အိပ်မပျော်လို့။ဟိုအရင်ကထက် လိုင်းသုးံချိန် များလာတာ အိပ်မပျော်လို့ ။ ရှား စိတ်ကိုရှား လိမ်ညာနေမိသည် ။ 

အိပ်မက် မက်သူDonde viven las historias. Descúbrelo ahora