Dream Impossible (part1)

4K 144 2
                                    

"ဒီမှာ...​ရွှေသမီးငယ်​"

"ဟုတ်​"

"ကဲ...​ပြောပါဦး ဖုန်းဆက်​ရတဲ့အ​ကြောင်းအရင်း"

"ဖုန်းဆက်​တယ်​ ဘယ်​လို"

"ဟုတယ်​​လေ ​"​ငွေလမင်း" မှာ ​စောင့်​မယ်​ဆို"

"မီးငယ်​ မသိ"

"ဘယ်​လို...တို့ က​တော့လိမ်​မ​ပြောဘူး​နော်​"

"မီးငယ်​လည်း မလိမ်​ပါဘူး"

"ဒါဆို.."

"မီးငယ်​ ဘယ်​သူမှဖုန်းမဆက်​ အဲ..."
ပြော​နေရင်း တစ်​ခုခုရမိသွားနဲ့ သူကိုကြည့်​မိ​တော့ သူက
လည်းမီးငယ်​ကို ကြည့်​​နေသည်​။
"တစ်​ခု​တော့ ရှိတယ်​"

"အွန်း...ဆိုပါဦး"

"သူငယ်​ချင်း​တွေက ရုပ်​ရှင်​သွားကြည်​ပို့ ​ခေါ်တယ်
မီးငယ်​ကမလိုက်​ချင်​ဘူး သူတို့​ခေါ်တာမလိုက်​ရင်​တစ်
ခုခု​တော့ လုပ်​​ပေးတဲ့"

"အဲ့တာ...တို့နဲ့ဘာဆိုင်​လို့လည်းကွယ်​"

"နန်းရီရဲ့ အမလာမယ်​တဲ့ ​ငွေလမင်းမှာချိန်းထားတယ်
သူအမလာရင်​ ဒါ​လေး​ပေး​ပေးတဲ့"

"အဟင်း...မီးငယ်​ကသိပ်​အတာဘဲ"

"ဟင်​ ဘာဖြစ်​လို့"

"သူတို့ ဘာ​ပေးခဲ့လဲ"

"ဒီမှာ ဘူးတစ်​ဘူး​ပေးခဲ့တယ်​ ​ရော့"
မီးငယ်​​ပေးတဲ့ဘူးကို သူကယူပြီးပက်​ကင်​ ဖွင့်​​လိုက်​သည်​။

"ဟင်​"
အထဲမှာဘာမှလည်းမရှိဘူး မီးငယ်​မျက်​နာ​တွေပူလိုက်​တာ။

"အို....မီးငယ်​အဖွဲ​တွေက ​လောင်​စာ​တွေပဲ"

"မီးငယ်​က ရုပ်​ရှင်​ကြည့်​ချင်​ပါတယ်​ ဒါပင်​မဲ့ပိုက်​ဆံမရှိဘူး
အမြဲသူတို့ပြတာလည်း မကြည့်​ချင်​ဘူး အဲ့တာ​ကြောင့်​"

"ကဲ...ဒီ​ဖျော်​ရည်​ဖိုး တို့​ ​ပေးလိုက်​မယ်​​နော်​"

"ဟင်​အင်း မီးငယ်​​သောက်​တာ မီးငယ်​​ပေးပါမယ်​"

"ဒီတစ်​ခါ​တော့ တို့တိုက်​ပါမယ့်​ ​နောက်​တစ်​ခါဆို
မီးငယ်​​ပေး​ပေါ့ ဟုတ်​ဘူးလား"

"ဟင်​အင်း...ကြုံမယ်​မထင်​ဘူး"

"မကြုံလဲ ကိတ်​စ္စမရှိဘူး"
***

"နင်​တို့​တွေ တကယ်​ဆိုးတယ်​​နော်​"

"ကဲပြန်​​ပြောစမ်း ဘာ​တွေ​ပြောခဲ့ကြလဲ"
အ​ကြောင်းစုံကို​ပြောပြ​တော့ အားလုံးကတစ်​ဟားဟားနဲ့
ဝိုင်းရယ်​ကြတယ်​။
"​ရွှေသမီးငယ်​ ရှင်​နဲ့စကား​ပြောခဲ့တာ ဘယ်​သူလည်း
သိရဲ့လား"

"သိဘူး​လေ"

"​နွေး​ထွေးသူ​တောင်​ မသိရှာတဲ့ ​ရွှေသမီးငယ်​ပါလား"

"တို့​မေဂျာက Queenဆိုလား"

"​အေး​ပေါ့ဟယ်​"

"​သြော်​"

"​နွေး​ထွေးသူက အရမ်းမာနကြီးတယ်​တဲ့ နင့်​လို normalကို
မ​တွေ့​​လောက်​ဘူးဆိုပြီး ​နောက်​လိုက်​တာပါ။သူလာ​တွေ့
တယ်​တဲ့ အံသြစရာ"

စာ​လောက်​သာစိတ်​ဝင်​စားတဲ့ မီးငယ်​ကqueeen​တွေ
လည်းမသိ စိတ်​လည်းစိတ်​မဝင်​စား​ပေ။
Chemistry pretical မှာကျမှ သူမဟာမီးငယ်​တို့ အဖွဲ့
ကမှန်းသိ​တော့တယ်​။
"​​ဟေး...မီးငယ်​ ပြီးပြီးလား"

"ဟုတ်​"

"မ​နေ့က ဖုန်းဆက်​​သေးတယ်​"

"မီးငယ်​မှ ဖုန်းမှမရှိတာ "

"ဟင်​...ဟုတ်​လား ဟိုတစ်​ခါက ဘာနဲ့ဆက်​တာတုန်း"

"သူငယ်​ချင်း​တွေ ရှိကဖုန်းငှါးဆက်​တာပါ မ​နွေး​ထွေးသူ"

"​သြော်​....ဒါနဲ့ အဆာင်​မှာ​နေတာလား"

"ဟုတ်​တယ်​.."သစ္စာ"​ ​ဆောင်​မှာ"

"တို့လာလည်​မယ် လာလည်​လို့်ရလား
မီးငယ်​နဲ့သူငယ်​ချင်းဖြစ်​ချင်​လို့"

"ဟင်​အင်း"

"ဟင်​ ဘာဖြစ်​လို့ "

"မီးငယ်​.....ဘယ်​သူကိုမှ အ​ဆောင်​လာလည်​ပို့မ​ခေါ်ဘူး
လိုပါ"
မိးငယ်​စကား​ကြောင့်​ သူမဘာမှပြန်​မ​ပြောဘဲ ငြိမ်​ကျသွားသည်​။မီးငယ်​​ဘေးမှာ သူငယ်​ချင်း​တွေပါလို့်​ မီးငယ်​ငြင်းတာကို ရှက်​သွားတယ်​ထင်​ပါရဲ့ သူ့မျက်​နှာ​လေးနီရဲသွားသည်​။မီးငယ်​လည်း ​ပြောပြီးမှအားနာမိတယ်​။သူ မီးငယ်​ကိုနှုတ်​မဆက်​ဘဲထွက်​သွားတယ်​။
***

Dream ImpossibleWhere stories live. Discover now