Dream Impossible(part3)End

2.2K 116 9
                                    

သူမ လက်​ဆွဲ​ခေါ်ရာ ​နောက်​ကို မီးငယ်​ပါသွား​လေရဲ။ရုပ်​ရှင်​ရုံထဲဝင်​​တော့ စပြ​နေပြီမို့ မီးမှိတ်​ထားပြီ။မီးငယ်​ခါး​လေးကို ​နွေးလက်​သွယ်​သွယ်​​လေးက ဖွဖွ​လေးဖက်​ထားသည်​​။ဘာရယ်​ မသိဝမ်းနည်းမှု​ကြောင့်​ မျက်​ရည်​က အိုင်​ထွန်းလာတယ်​။အတူကြည့်​​နေ​သောရုပ်ရှင်​ကိုလည်း စိတ်​မဝင်​စား​တော့တာ သူသိလာသည်​။
"မီးငယ်​ ဘာဖြစ်​လို့လဲဟင်​"

"ငိုချင်​လို့"

"အို.."
မီးငယ်​ကို ငုံကြည့်​​နေရာက မျက်​ရည်​​တွေသုတ်​မယ်​ မီးငယ်​ရဲ့
လက်​ကို ​နွေးကဆုတ်​ကိုင်​လိုက်​ပြီး နမ်းရိုက်​တယ်​။
"ငယ်​ သိပ်​လှတယ်​သိလား"

"​​မေဂျာqueenကို​တော့ ဘယ်​မှီပါမလဲ.."

"မိန်းက​လေးချင်းဒါမျိုး​တွေလုပ်​တာဘာ
မှမဖြစ်​ဘူးမဟုတ်​လား ငယ်​"
ပြောပြီး ​နွေးရဲ့အနမ်း​တွေမီးငယ်​မျက်​နာ​ပေါ်ကြ​ရောက်​လာ
တယ်​ ပြီး​တော့မီးငယ်​ရဲ့ နှုတ်​ခမ်း​ပေါ်သူ့ နှုတ်​ခမ်းနီနီ​ထွေး​ထွေး​လေးကြ​ရောက်​ပြန်​​တော့ ခန္စာကိုယ်​ကဆန့်​ခနဲတွန့်​သွားမိတယ်​။မီးငယ်​ သူမရဲအနမ်း​တွေကို တုံ့ပြန်​မှုမရှိဘဲ ​အေးစက်​​နေခဲ့ပါတယ်​။ခနကြာ​နမ်းပြီး​တော့ ဖက်​ထားတဲ့သူမလက်​​လေးများဟာလည်း ​ပြေ​လျော့သွားခဲ့တယ်​။

အချစ်​ဆိုတာ ဖွင့်​ဟ​ပြောပြီး တစ်​​ယောက်​နဲ့တစ်​​ယောက်​ နား
လည်​တာကို​ပြောတာလား။ချစ်​သူ​တွေမဟုတ်​ဘဲ မိန်းခ​လေးချင်​​ခေါင်းစဉ်​တက်​ပြီး ဘာလို့အကြင်​နာလက်​​ဆောင်​​တွေအရင်​​ပေးတာလည်း။ချစ်​တယ်​လို့ ဖွင့်​​ပြောရမှာ မီးငယ်​ကမထိုက်​တန်​တဲ့သူလား။နားမလည်​ခြင်းများစွာနဲ့ အ​တွေး​တွေချာချာလည်​​နေဆဲ။

"မီးငယ်​...​နွေး​တို့ပြန်​ရ​အောင်​" တဲ့။

မိုးခြိမ်​သံတမျှ ကျယ်​​လောင်​မြည်​ဟည်းတွားခဲ့သလိုပါပဲ။ဘယ်
အင်​အားနဲ့များ ငြင်းဆန်​နိုင်​ခွင့်​ရှိရမှာလဲ​နွေးရယ်​။
သိလိုက်​ပါပြီ။
ဒါဟာ မီးငယ်​တို့နှစ်​​ယောက်​အတွက်​ ​နောက်​ဆုံးဆိုတာ
ကို​ပေါ့။
မပြည့်​စုံခြင်းအိမ်​မက်​​တွေ လိင်​တူ​ခေါင်းစဉ်​​တွေနဲ့ ငယ်​စဉ်​မှာ
အချစ်​က ငြင်းပယ်​တာကို ခံခဲ့ရပြီပြီ။အမြင့်​ဆုံးတစ်​​နေရာ​မှာ
ပြည့်​စုံပြီဆို​တော့ အချစ်​ကို ​ရွေးချယ်​ခွင့်​မရခဲ့ပြန်​ဘူး။

ဒီမနက်​​ပေါ့။ကုမ္ပဏီအသွားမှာ မီးပ္ပိုင့်​တစ်​ခုမိတဲ့အချိန်
မင်္ဂလာ ကားတန်းတစ်​ခုနဲ့စုံ​နေမိတယ်​။
အမှတ်​မထင်​ အရမ်းရင်းနှီးတဲ့ မျက်​ဝန်း​လေးတစ်​စုံကို
မင်္ဂလာ ကား​ပေါ်မှာ​တွေ့လိုက်​ရတဲ့အခါ.......
အပြုံးအရယ်​မရှိ...လှပကျက်​သ​ရေရှိလွန်းတဲ့ သတိုးသမီး
လေးမျက်​နာ​ပေါ့။
မီးငယ်​ကသာ ​ကျော်​လွန်​သွားတာကို ငဲ့​​စောင့်​ကြည့်​မိ​ပေ
မယ်​ သူမက​တော့ ဧကရီက္က​နြေ္ဒလုံးဝမချသွားခဲ့ပါ။

သူမ မှန်​ပါတယ်
နွေး​ထွေးသူဆိုတာ ဒါပါပဲ။
အိပ်​မက်​တို့ကို ကိုယ်​က ​ရွေးချယ်​ခွင့်​ မရှိပါဘူး။
အိပ်​မက်​တို့ကသာ ကိုယ့်​ကို​ရွေးချယ်​တာပါ။

ပြီးပါပြီ။

________________Mee_____________________

You've reached the end of published parts.

⏰ Last updated: Apr 13, 2022 ⏰

Add this story to your Library to get notified about new parts!

Dream ImpossibleWhere stories live. Discover now