Chapter(6)

444 87 23
                                    

မျက်​လုံးပွင့်​ပြီဟူ​သော အသိနှင့်​အတူ
အဖြူ​ရောင်​မျက်​နှာ ချက်​ကိုလှမ်းမြင်​လိုက်
ရ​သော​ကြောင့်​ Jimin သိလိုက်​ပြီ။
ဒါသူ ​ဆေးရုံမှာဆိုတာ။

တစ်​​ဖြေး​ဖြေးပြန်​မြင်​​ယောင်​လာမိ​သော
မှတ်​ညဏ်​တို့နှင့်​အတူ လူကအနည်းငယ်
လန့်​သွားမိသည်​။

ဒီလို အ​ခြေအ​နေကို မ​သေပဲ​ကျော်​ဖြတ်
လာတာလား။

မ​နေ့ညမှအဖြစ်​အပျက်​အား ပြန်​​တွေး​နေ
ရင်း Yoongi ကိုပြန်​မြင်​​ယောင်​လာမိသည်​။
ပုံမှန်​မဟုတ်​​သော Smirk တို့တည်​ရှိ​နေ​​သော
မျက်​နှာသည်​ရိုးရှင်းလှပြီး အနည်းငယ်​​မှေး​နေ​သော
မျက်​ဝန်းတို့နှင့်​ ကြည့်​​ကောင်းလှသည်​။

ချေသားပဲ...ဟိ။
အာ...ငါ့ကိုသတ်​ဖို့လုပ်​တဲ့သူတစ်​​ယောက်​ကို
သ​ဘောကျ​နေတာလား။
Sh*t!!
မဖြစ်​သင့်​တာ!!

ကိုယ့်​အဖြစ်​ကိုယ်​​တွေးမိရင်း ရုတ်​တရက်
ဆတ်​ကနဲထလိုက်​​တော့မှ ဝမ်းဗိုက်​မှ တစ်​ဟုန်
ထိုး​အောင့်​လာ​တော့သည်​။
ဟုတ်​သားပဲ။ ချုပ်​ရိုးရှိ​သေးတာပဲ။

အနည်းချင်းဆီ ကုတင်​​နောက်​ကို ​ခေါင်းအုံး
ခုထားကာမှီ၍ ​ပြန်​​မှေး​နေလိုက်​​တော့သည်​။

တ​အောင့်​ကြာ​သော်​ ကျွီကနဲပွင့်​လာ​သော
ဆေးရုံအခန်းတံခါးသံနှင့်​အတူ မျက်​လုံးတို့
ချက်​ချင်းပွင့်​လာကာ ​​​ခေါင်း​ထောင်ကြည့်​မိ​တော့
လက်​ထဲမှ အထုပ်​​တေနှင့်​ ဝင်​လာ​သော
တီ​လေး။

"ဟင်​..တီ​လေးဘယ်​လို​ရောက်​..."

"Minnie ​လေး...နားလိုက်​ပါအုန်း...
စကား​တွေသိပ်​မ​ပြောနဲ့၊ တီ​လေးက
ဆေးရုံက မ​နေ့ညက ဖုန်းဆက်​လို့
ညလုံး​ပေါက်​ ကားစီးလာရတာ..
သူတို့​ပြောတာ​တော့ Minnie ရဲ့
ဖုန်းစာအုပ်​ထဲကရှာ​တွေ့တာတဲ့...
အာ့နဲ့ စိတ်ပူလို့​လိုက်​လာခဲ့တာ..
ဓားနဲ့အထိုးခံရတဲ့အထိ​တောင်​ဆို
Minnie ဘာများ ပြသနာရှာထား​သေး
လို့လဲကွယ်​"

"ဘာမှမဟုတ်​ပါဘူး တီ​လေးရဲ့..သူခိုးဝင်​တာပါ"

ခေါင်အုံး​ပေါ်သို့ပြန်​မှီ၍ မျက်​စိမှိတ်​ကာ
ပြန်​​ဖြေလိုက်​သည်​။

Killer Lover\\YMWhere stories live. Discover now