Chapter(9)

456 78 16
                                    

အစိမ်းသက်​သက်​ ​​နေရာတစ်​ခု။
အခန်းကျယ်​တစ်​ခုဆိုလျှင်​ပိုမှန်​မည်​။
မျက်​လုံးပွင့်​ပွင့်​ချင်းပင်​ မျက်​စိကစားကာလိုက်
ကြည့်​​နေမိသည်​။

သူ​အခုအိပ်​​နေ​သော ​နေရာသည်​ နှစ်​​ယောက်
အိပ်​ ​မွေ့ယာအဖြူကြီး​ပေါ်တွင်​ ဂွမ်း​ဆောင်​ကြီး
ခြုံလျက်​။ အခန်းတွင်း စိတ္တဇဆန်​​သော ပန်းချီ
ကား နှစ်​ချပ်​က ​အဝင်​ဝတွင်​​နေရာယူထားသည်​။

ကုတင်​၏ မလှမ်းမကမ်းတွင်​ရှိ​သော
ပြုတင်း​ပေါက်​မှာ​တော့ လိုက်​ကာအစိမ်းနုနု
တို့ချထားကာ ပိတ်​ထားသည်​။
ရေချိုးခန်း အိမ်​သာတို့က​တော့ အဝတ်​ဗီရို
မတိုင်​မီတခါး​ပေါက်​​လေးဖြစ်​မည်​ထင်​သည်​။
အခန်းက​တော့ အလွန်​သန့်​ပြန့်​​နေသည်​။

Jimin အခု​ရောက်​​နေသည်​မှာ ဘယ်​​နေရာလဲ
ဆိုတာကို​သေချာမသိပါ။
စောင်​​ပုံထဲက​နေသာ တစ်​ကိုယ်​လုံးကို
ဖွက်​ထားလျက်​ အသံမထွက်​ ဘာမထွက်
ငြိမ်​သက်​စွာ​နေ​နေ​တော့သည်​။

*ကျွီ~*(အခန်းတံခါးဖွင့်​သံ)

Jimin ကိုယ်​​လေးမှာ ​စောင်​ပုံထဲ ပို၍ပင်
တိုး၍ ဝင်​သွား​တော့သည်​။
သေချာကြည့်​​တော့မှ အခန်းထဲဝင်​လာသူ
မှာ ရုပ်​​ဖြောင့်​​ဖြောင့်​ အပြုံးချိုချိုနှင့်​လူတစ်​​ယောက်​။
သူ့ပုံက Yoongi လိုမဟုတ်​ပဲ သာမာန်​လူ
ပုံဖြစ်​သည်​။

"Yoongi ​ကို​ခေါ်တဲ့ တစ်​​ယောက်​မလား"

စောင်​ပုံထဲမှ​မျက်​နှာဖွက်​ထားရင်း ​ခေါင်းကို
ငြိမ့်​ပြလိုက်​​တော့ ထိုလူကပြုံးကာ သူ့
ကုတင်​​ဘေးဝင်​ထိုင်​ရင်း စကားဆက်​သည်​။

"မင်းက ကံ​ကောင်းတာပဲ~​တော်​ရုံဆို
သူကသတ်​ပြစ်​လိုက်​ပြီ"

"ဘာလို့လဲ"

Jimin ဒီတစ်​ခါ​တော့ အရဲစွန့်​ကာ​မေးကြည့်​လိုက်
သည်​။ သူ Yoongi အ​ကြောင်းကို သိချင်​မိ
သည်​မို့။

"ပုံမှန်​ဆိုသူ့​ခေါင်းထဲမှာ လူသတ်​ဖို့​လောက်ပဲရှိတာ..သူ့ကို လာရှုပ်​တာဆိုရင်​လဲ
အရမ်းမုန်းတာ~မင်းကသူ့အတွက်​ထူးခြား
နေလို့​ပေါ့"

Killer Lover\\YMWhere stories live. Discover now