စာစဉ် ၈ ( ၁၁ + ၁၂ )
11.5K 1K 3
Book.              :  8
Chapter.          :  11 + 12
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၈၊ အခန်း ၁၁။ ကုမ္ပဏီဆိုတာက ငပျင်းတွေအတွက် အလှူပေးနေတဲ့နေရာမဟုတ်ဘူး။
ဖန်ရှုမင်၊ သူမ၏လှပသော အံ့သြစရာကောင်းလှသောသမီးလေးကို ကြည့်လိုက်ပြီး ဂုဏ်ယူစွာဖြင့် ဆိုလာပါ၏။ “ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ မာမီမှားသွားတယ်။ မာမီ့သမီးလေးက အရမ်းကို လှပြီးတော့ အံ့မခန်းပဲ။ သမီးလေး အင်ပါရီယာမီဒီယာကို ၀င်ခွင့်ရပြီဆိုရင် အင်ပါယာစကိုင်းမှာ သမီးလေးအတွက် အလုပ်သင်ဆင်းခွင့်ရဖို့ကို အန်တီမေရွှမ်းကို သမီးဖေဖေနဲ့ ပြောခိုင်းပေးမယ်”
“တကယ်ကြီးလား။ အင်ပါယာစကိုင်းကို သမီး တကယ်ပဲ အလုပ်သင်ဆင်းလို့ရလား”
“ရတာပေါ့။ ရီအုပ်စုရဲ့ဥက္ကဌကတော်က သမီးဒေါ်လေးပဲဥစ္စာ -- သူမ စကားတစ်ခွန်းထဲ ၀င်ပြောပေးလိုက်ရုံပဲ”
သူတို့နှစ်ဦးသားသည်ကား လျန်ဝမ်ကျွင်းကို လုံးဝပင် ရှိလေဟန် သဘောမထားဘဲ လွတ်လွတ်လပ်လပ် ပြောဆိုနေကြခြင်း။ ရီဝမ်ဝမ်သည်ပင် သူတို့ပြောဆိုနေသည်တို့ကို ကြားနိုင်နေလေရာ၊ လျန်ဝမ်ကျွင်းသည်လည်း သေချာပေါက်ကို ကြားနေပေလိမ့်မည်။
ရီဝမ်ဝမ်၊ ရှင်းရှင်းလင်းလင်း မြင်လိုက်မိသွားသည်ကား။ သူမရဲ့မိခင်ဖြစ်သူသည် သူမရဲ့နာမည်ကိုပြောလာကြတာကို ကြားလိုက်သည့်အခိုက်၊ ချက်ချင်းဆိုသလိုပင် သူမမျက်နှာမှာ ဖြူလျော်သွားချေတော့ခြင်း။
ကျွတ်စ်၊ လျန်ရှီဟန်က လျန်မေးရွှမ်းကို သူ့ရဲ့ဒေါ်လေးလို့ကို ခေါ်နေပြီလား။ ဖေဖေ သူ့အာဏာမဆုံးရှုံးရသေးခင်တုန်းကများဆို ဖန်ရှုမင်က လျန်မေးရွှမ်းကို တရားမ၀င်သမီးလိုပဲ ဆက်ဆံခဲ့ပြီးတော့၊ အခုကျတော့ သူမက လျန်ရှီဟန်ရဲ့ဒေါ်လေးအရင်းနဲ့မခြားကို ဖြစ်လာပြီလား။
လျန်ရှီဟန်သည်ကား စိတ်မကျေနပ်နိုင်ဖြစ်လို့နေဆဲ၊ သူမသည် ပျက်ဆီးနေသည့် ကလေးလေးတစ်ယောက်ပမာလုပ်ဆောင်လို့နေပါ၏။ သို့သော် ၊ အရှေ့ဘက်ဆီမှ ကားရပ်သံကို ကြားလိုက်သည့်အခိုက်၊ ရုတ်တရက်ပင် ပြုံးပျော်သွားတော့ပြီး ပျော်ရွှင်စွာဖြင့် လျှောက်သွားလိုက်ကာ။ “ဒက်ဒီ၊ ပြန်ရောက်လာပြီ”