စာစဉ် ၈ ( ၁၃ + ၁၄ )
11.7K 1.1K 31
Book.              :  8
Chapter.          :  13 + 14
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၈၊ အခန်း ၁၃။ ကျွန်တော့်ကို နီးနီးကပ်ကပ် ထောက်လှမ်းပါ
အိမ်ကြီးနဲ့ သိပ်မဝေးတော့သည့် နေရာတွင်။
ရွှီရီ။ သေရတော့မှာကို စိတ်ကို ပြင်ဆင်လို့နေမိခိုက်၊ ရီဝမ်ဝမ် အနောက်ဘက်ခြံကနေ ထွက်လာသည်ကို မြင်လိုက်တော့လေပြီ။
တရားစီရင်ရေးနေ့မှာ အလင်းရောင်လေးကို တွေ့လိုက်ရသည့်အလား နှယ် သူ အလွန်တရာမှပင် စိတ်ခံစားချက်တို့ သောင်းပြောင်းသွားတော့ သည်တည့်။
ရီဝမ်ဝမ်၊ ကားတံခါးကို ဆွဲဖွင့်လိုက်ပြီး ကားထဲဝင်ထိုင်လိုက်တော့ပြီး။
ရွှီရီရဲ့အမူအရာကို တစ်ချက်ကြည့်လိုက်ရုံနှင့် သူ ဘာတွေတွေးနေသလဲ ဆိုသည်ကို သိသွားတော့လေပြီ။ ရီဝမ်ဝမ် ပြုံးပြလိုက်တော့ပြီး။ “အိမ်တော်ထိန်း ရွှီ၊ ကျွန်မ ပြောခဲ့ဖူးပါတယ် -- ကျွန်မ ပြသနာရှာရင် တောင်မှ ရှင့်တာဝန်ကျချိန်မှာ လုပ်မှာမဟုတ်ပါဘူးလို့။ ကျွန်မ သေချာပေါက်ကို စကားတည်မှာပါ”
ဒါကို ကြားလိုက်သည့်နောက်၊ အတော်လေးကို ထိသွားမိလေတော့ သည့် ရွှီရီ။ သူသည် အသာအယာလေး ချောင်းဟန့်လိုက်တော့ပြီး။ “သခင်မလေး ရီ၊ သခင်မလေးတွေးထားတာတွေက ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော် တကယ်ပဲ သခင်မလေးရဲ့ တောင်းဆိုချက်ကို သဘောမတူနိုင်ပါဘူး။ သခင်မလေးရဲ့နေရာကို သခင်မလေး သိနေသရွေ့ သခင်လေးက ခက်ခဲအောင်ဘာမှလုပ်လာမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်”
ရီဝမ်ဝမ်၊ ကြောက်စရာကောင်းလောက်အောင် ပြန်ပြောလာသည်ကား။ “ဒါက သူ ကျွန်မကို ခက်ခဲအောင် လုပ်မလား၊ မလုပ်လာဘူးလား ဆိုတဲ့ ကိစ္စမဟုတ်ပါဘူး--အခု ကျွန်မရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် စီ မိသားစု ထဲမှာ နေရာတစ်ခုရဖို့ ခက်ခဲရုံလောက်လေးပါပဲ။ ဒါကို ရှင် သိသင့် တယ်”