စာစဉ် ၈ ( ၁၅ + ၁၆ )
11.4K 1.1K 48
Book. : 8
Chapter. : 15 + 16
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၈၊ အခန်း ၁၅။ သူမ စိတ်ကျေနပ်သလို လုပ်
စီရှား ဒီစကားကို ပြောလိုက်လေသည့်အခိုက်၊
ကားထဲက အပူချိန်မှာ လျော့ကျသွားတော့ဟန်တူသည်။
သို့သော်လည်း၊ ဒီတစ်ကြိမ်တွင်တော့ ရီဝမ်ဝမ် အမှန်တကယ်ပင် ဒေါသတို့ တလိမ့်လိမ့်မြင့်တက်လို့ လာချေပြီ။
စီရီဟန်သည်ကား၊ အဲဒီမှာပင် အမူအရာမရှိ ထိုင်လို့နေလျက်။
ရီဝမ်ဝမ်၊ သူမ လက်ထဲက ကိတ်မုန့်ပုံးကို ဆုတ်ကိုင်ထားရင်း ဓားအစင်းပေါင်းမြောက်မြားစွာ စီးဝင်နေလေသည့် မျက်ဝန်းတို့နှင့် စီရှားကို အကြည့်တစ်ချက် ပစ်လွှတ်လိုက်ချေတော့ကာ ဂရုတစိုက် ပြောလိုက်တော့သည်ကား။ "စီရှား။ အဲဒါကို ထပ်ပြောစမ်း"
မိန်းကလေး၏အေးစက်စက်အကြည့်တို့ကြောင့် စီရှား၊ တခနလောက် ဆွံ့အသွားချေတော့ပြီး၊ နောက်၊ ဒေါသတကြီးဖြင့် ထုတ်ပြောလာပါ တော့၏။ "ရတာပေါ့။ ငါ ပြောတာ ဘာမှအမှားမပါဘူး။ င့ါရဲ့ဒေါ်လေး ၉ က ချင်းရူရှီ။ မင်းကိုယ်မင်း ဘယ်သူလို့များ ထင်နေတာလဲ"
*ဂျွတ်* ရီဝမ်ဝမ်ရဲ့လက်ထဲမှ စက္ကူပုံးသည် စုတ်ပြဲလို့သွားတော့လေပြီ။ တစ်ချက်ထဲနဲ့ပင်၊ သူမ အရှေ့ခန်းထိုင်ခုံမှာ ထိုင်နေလေသည့် စီရှားပေါ် ကို ခုန်အုပ်ပစ်လိုက်ပါတော့၏။
"ရီဝမ်ဝမ်။ မင်း ငါ့ကို ရိုက်ရဲတယ်။
ငါ***...... ငါ့မျက်နှာကို မရိုက်နဲ့ဟ....အား...ရပ်တော့...."
ရွှီရီ၊ ကားမောင်းလို့နေရင်းကနေ ကလေးစုတ်လေးနှစ်ကောင် ရန်ဖြစ်လို့ နေကြသည်ကို ကြည့်နေမိရင်း။ သူသည်ကား ငိုကြွေးမိတော့မတတ်ပင် ဖြစ်လို့နေချေပြီ။ "သခင်လေး စီရှား၊ သခင်မလေး ရီ၊ ရန်ဖြစ်နေတာ ရပ်ကြပါတော့၊ ကျေးဇူးပြုလို့ ရန်ဖြစ်နေတာ ရပ်ကြပါတော့ဗျာ။ အန္တရာယ်များပါတယ်"
"မင်း ငါ့ကို ဘာလို့ ရိုက်နေတာလဲ။ မင်း ငါ့ကို သေအောင် ရိုက်လည်း အမှန်တရားက ပြောင်းလဲမသွားဘူး။ ငါ့ရဲ့ဒေါ်လေး ၉ က ချင်းရူရှီပဲ"