စာစဉ် ၈ ( ၁၉ + ၂၀ )
11.5K 1K 4
Book.              :  8
Chapter.          :  19 + 20
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၈၊ အခန်း ၁၉။ နောက်ဆုံးသော ကျူရှင်ခ
စီရှား လုပ်ခဲ့ရသလိုမျိုးပင်၊ လင်းချွေ့သည်လည်း
ဒေါသတို့ဖြင့် ထွက်သွားရတော့ချေပြီ။
ရီဝမ်ဝမ်၊ စီရီဟန်အား ပဟေဠိဖြစ်နေသည့်ဟန်ဖြင့် ကြည့်ုလိုက်ကာ မေးလိုက်ပါတော့၏။ “ရှင် ဒီရက်တွေမှာ အိမ်မှာပဲ ရှိနေတာက
ကျွန်မကို စာပြပေးနိုင်ဖို့အတွက်လား”
သူမ၊ လင်းချွေ့ပြောသည်ကို ကြားလိုက်ရသည့်အခါမှ
၈ နာရီမတိုင်ခင် စီရီဟန် အိမ်မှာရှိနေတတ်ပြီး ခုတလော
ညဥ့်နက်မှ ပြန်မလာတတ်တာကို အမှတ်ရမိသွားတော့သည်ပင်။
စီရီဟန်သည်ကား ငြင်းဆိုခြင်းမရှိဘဲ သူမအား အဓိပ္ပာယ်ပါပါ အကြည့်ဖြင့် ကြည့်လိုက်ချေပြီး။“တစ်စုံတစ်ယောက်သောသူက ကိုယ့်ရဲ့စာပြပေးတာအပေါ် စိတ်မကျေနပ်နိုင်ဘဲ ပြန်အမ်းငွေတောင်းဖို့ ကြံနေတာဆိုတော့ ကိုယ် ဒီလိုလုပ်မှပဲ ဖြစ်မှာပေါ့”
“ဟီးဟီးဟီး….” ဒီလိုမျိုး ပေါက်ကြားသွားခံရလေရာ ကိုယ့်ကိုယ်ကို အပြစ်မကင်းသလို ခံစားသွားရလေတော့သည့် ရီဝမ်ဝမ်။ “ဘာလို့….ဘာလို့ ကျွန်မက….”
ဖောင်ဖြည့်ပြီးသွားသည်နှင့် ရီဝမ်ဝမ်၊ စာမေးပွဲမစခင် နောက်ဆုံးရက်အတွက် အားအင်အပြည့်ထည့်ကာ
စာလုပ်ပါတော့၏။
မျက်တောင်တစ်မှိတ်အတွင်းမှာပင်၊ ကောလိပ်ဝင်ခွင့်
စာမေးပွဲမဖြေခင် ညပိုင်းကို ရောက်လို့လာခဲ့ချေပြီ။
စီရီဟန်သည်ကား သူမရဲ့နံဘေးတွင် အိပ်မောကျလို့နေပါ၏။
သို့သော်၊ ရီဝမ်ဝမ်၊ နောက်တစ်နေ့ရောက်လာမည့် စာမေးပွဲကြီး
အတွက် စိုးရိမ်ပူပန်နေမိရင်း အိပ်လို့မပျော်နိုင်တော့ဘဲ အိပ်ရာထဲတွင် ဟိုဘက်ဒီဘက် လူးလှိမ့်လို့နေလေသည်။
အား၊ မသိလိုက်ခင်ဘဲ၊ ငါ စီရီဟန်ကြီးနဲ့ အိပ်လာတာ
တစ်လတောင် ပြည့်တော့မှာပဲ။