စာစဉ် ၈ ( ၂၁ + ၂၂ )
11.5K 1K 23
Book.              :  8
Chapter.          :  21 + 22
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၈၊ အခန်း ၂၁။ အချိန်မဖြုန်းနေနဲ့
သူမ မနက်စာစားပြီးသည်နှင့် အရာအားလုံးသည် အဆင်သင့်ဖြစ်လို့နေ ချေသည်မို့ ရီဝမ်ဝမ် အိမ်ကနေ ထွက်ဖို့ရာ အဆင်သင့်ဖြစ်လို့နေပါ၏။
သူမ မထွက်ခွာခင် တစ်စုံတစ်ခုကို အမှတ်ရသွားဟန်တူသည်။ သွားနေရင်းကနေ ရပ်တန့်လိုက်တော့သည်တည့်။
“ခနလေး။ ကျွန်မ အရေးကြီးတစ်ခုမေ့နေတာ ခုမှ သတိရတယ်”
သူမလေး ရေခိုးရေငွေ့အလားပင် အနောက်ဘက်ခြံဝင်းထဲ ၀င်သွားချေတော့ပြီး သစ်ပင်အောက်တွင် လှဲနေပါသည့် အဖြူရောင်ပုံသဏ္ဍာန်ကြီးတစ်ခုဆီ ခြေလှမ်းဖွဖွလေး လှမ်းသွားတော့သည်တည်း။
အခုတလော၊ ဖြူကောင်ကြီးသည် ကျင်းဥယျာဉ်တွင် မကြာခနဆိုသလို ရှိနေတာတောင်မှ စီရီဟန်သည်ကား သူမလေးကို ၄င်းနှင့် ဆက်လက် ဆော့မြူခွင့် မပေးထားခဲ့ခြင်းပင်။ သူ့ရဲ့ အကြောင်းပြချက်သည်ကတော့ ဖြစ်ချင်တာကို ဦးစားပေးနေရင် ဖြစ်သင့်တာကို လွဲရလိမ့်မည်ဟု။ အဓိပ္ပာယ်သည်ကား သူမသည် ဖြူကောင်ကြီးကို ဆက်လက်ပွတ်သီး ပွတ်သပ် တွယ်တွယ်တာတာလုပ်နေပါလျှင် သူမရဲ့စာလေ့လာမှုအပေါ် ထိခိုက်လာလိမ့်မည်ဟု။
ကျေးဇူးတင်စရာကောင်းသည်ကား ဒီစကားအကျုံးဝင်မှုသည် ပြီးဆုံးခါနီးနေပေပြီ။ သူမ၏နွေရာသီအားလပ်ရက်ကို ရောက်ပြီ ဆိုသည်နှင့် သူမသည် ဖြူကောင်ကြီးနှင့် ကစားနိုင်ပေတော့မည်။
ကျားဖြူကြီး၊ သူ့နားကို တစ်ယောက်ယောက်ကပ်လာနေသည်ကို ခံစားမိသွားဟန်တူသည်။ သူ့ရဲ့နားတို့ လှုပ်လီလှုပ်လဲ့ ဖြစ်လာချေပြီ။ သို့သော် လှုပ်ရှားခြင်းကား မပြုလာ၊ ပျင်းတွဲစွာဖြင့်ပင် အဲဒီမှာ အမြီးကို လှုပ်ယမ်းရင်း ဆက်လက်လှဲလို့နေလေ၏။
၃ လှမ်း ၊ ၂ လှမ်း ၊ ၁ လှမ်း….
“ဖြူကောင်ကြီး၊ ဖြူကောင်ကြီးရေ၊ င့ါကို နည်းနည်းလောက် အားဓာတ် တွေ လွှတ်ပေးစမ်းပါဦးဟ။ ဒါမှ ငါ နောက်ပိုင်းမှာ အကြီးကြီးကစ်ပစ်လို့ ရတော့မှာ….” ရီဝမ်ဝမ်၊ သူမသည် စာရွက်ကို ကစ်ပစ်ချင်သည်ဟု သေချာပေါက် ဆိုလိုခြင်းမဟုတ်ပါချေ။ ဆိုလိုသည်မှာ စာမေးပွဲကို အမှတ်အများကြီးနဲ့ ဖြေခဲ့မည်ဟု။