စာစဉ် ၉ ( ၃ + ၄ )
10.1K 865 2
Book.              :   9
Chapter.          :  3 + 4
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၉၊ အခန်း ၃။  မင်း ရူးသွားပြီလား
ဟန်ရှန်းယွီ နာမည်အောက်က အိမ်သည်ကား ကလေးတွေအတွက် နိဗ္ဗာန်ဘုံပမာနှယ် ဖြစ်ချေ၏။ သူသည် မကြာခနဆိုသလို သူ ကူညီ ပေးဖူးခဲ့သည့်ကလေးတွေကို ခေါ်ပြီး သူ့နေရာတွင် ကစားပျော်ပါးခွင့် ရက်ရက်ရောရော ပေးထားတတ်ပါ၏။
အဲဒီအချိန်တုန်းက ဟန်ရှန်းယွီနဲ့ကလေးတွေရဲ့ အပြန်အလှန်အမူအရာ လေးတွေပါသည့် ဓာတ်ပုံတွေ မြောက်မြားစွာကို ကုမ္ပဏီက ရထားသည် တည်း -- သူနဲ့ ကလေးတွေ အတူတူ ကစားနေကြပုံ၊ ဂိမ်းကစားနေကြပုံ တွေ၊ မြက်ခင်းထဲတွင် လူးလှိမ့်လို့ ပျော်မြူးနေကြသည့်ပုံတွေ၊ စသည် ဖြင့် ၊ အိပ်ရာထဲကထိုပုံသည်ကား ထိုများစွာသော ပုံတွေထဲကမှ တစ်ပုံဖြစ်ချေ၏။
အမှန်တကယ်တွင်တော့ ဟန်ရှန်းယွီ၏အိပ်ရာထဲက ပုံသည် သူ့၏အခန်းထဲတွင် ဓားပြသဘောင်္ကစားခဲ့စဉ်က ဖြစ်ပါ၏။ ကလေးတွေသည်လည်း အဲဒါကို နှစ်ခြိုက်ကြလေရာ မကြာခနပင် သူနဲ့အတူ မွေ့ရာကုတင်ပေါ်တွင် ခုန်ပေါက်ကစားခဲ့ကြပါ၏။
ခုတော့ မီဒီယာသည် ထိုဓာတ်ပုံတစ်ပုံထဲကိုသာ မီးမောင်းထိုးပြနေလေ ပြီ။ ဒါသည် သူ့၏ ကလေးငယ်လေးတွေအား လိင်အကြမ်းဖက်ထား သည်ကို သက်သေပြနေသည့်အလား။
ဟန်ရှန်းယွီ သူ့ရဲ့ခေါင်းစွပ်ကို ချွတ်လိုက်ချေတော့ပြီး ဓာတ်ပုံကို စိုက်ကြည့်ုလိုက်ပါတော့၏။ သူ့ရဲ့မျက်နှာထက်တွင်ကား ဒေါသတို့ မြင့်တက်လို့လာနေချေပြီ။
နေရာတွင်ရှိနေလေကြသည့် သတင်းထောက်တို့ သူ့ရဲ့အမူအရာကို သတိပြုမိသွားကြတော့ကာ ပိုလို့ပင် အားရသွားကြတော့လေပြီး
သူ့အား အားအပြည့်မာန်ပါပါဖြင့်။ “ဟန်ရှန်းယွီ။ မင်း ခုထိ ငြင်းနေသေး တုန်းပဲလား။ မင်း ကောင်မလေးရဲ့ အ၀တ်အစားတွေကို ချွတ်ပြီးတော့ သူမရဲ့ လျို့ဝှက်အပ်တဲ့ အစိတ်အပိုင်းတွေကို မလျော်မကန် ကိုင်ခဲ့တယ်လို့ကို ကလေးငယ်လေးက ထုတ်ပြောပြီးနေပြီ။ မင်းက သူမလေးကို ပါးစပ်နဲ့တောင်မှ အတင်းဆက်ဆံခိုင်းခဲ့သေးတယ်ဆို။ ကလေးငယ်လေးတစ်ယောက်ကို မင်း ဘယ်လိုလုပ်ပြီးတော့များ ဒီလိုလုပ်ခိုင်းရက်ရတာလဲ။ မင်းက တိရစ္ဆာန်ထက်တောင်မှ အောက်တန်းကျသေးတယ်”