စာစဉ် ၉ ( ၇ + ၈ )
10.5K 875 4
Book.              :   9
Chapter.          :  7 + 8
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၉၊ အခန်း ၇။ သခင်လေးသာ သ၀န်တိုမသွားသရွေ့ ကောင်းကင်ကြီးက ကြည်လင်နေဦးမှာပါပဲ။
ရီဝမ်ဝမ်ရဲ့ အနှီအိုင်ဒီယာကို ကြားလိုက်ရသည့်ချိန် စီရီဟန်၏အမူအရာ။ “…”
ရီဝမ်ဝမ်၊ ကျော်ခွသွားလိုက်ပြီး သူ့အား ထိုအကြံဥာဏ်နှင့် အပေးအယူ တည့်ဖို့ရာ သူမလေး အစွမ်းကုန် ကြိုးစားလို့နေပါ၏။ “ဒါက အလုံခြုံ ဆုံးနည်းလမ်းလို့ ရှင်ရော မထင်မိဘူးလား။ ဒါဆိုရင်လေ၊ ဘေဘီ၊ နောက်တစ်ခါကျရင် ချစ်ကို တခြားယောက်ျားလေးတွေကို ဆွဲဆောင်မိသွားမှာ စိုးရိမ်နေစရာမလိုတော့ဘူးလေနော်”
ရီဝမ်ဝမ် ဒီအကြောင်းကို ပိုပြီးတွေးတောမိလေလေ၊
ပိုပြီးဖြစ်နိုင်တယ်လို့ လက်ခံလာမိလေလေ ဖြစ်လို့နေလေလျက် ။ သူမ၏ဒီမျက်နှာလေးသည်ကား တော်တော်လေး ပြသနာဖြစ်နေသည် တည်း ဖြစ်လေရာ၊ သူမလိုမိန်းကလေးမျိုးအတွက်တော့ အနုပညာ ရပ်ဝန်းထဲ ၀င်ဖို့ဆိုသည်မှာ တော်တော်လေးကို အဆင်မပြေဖြစ်လို့ နေသည်ပင်။ သူမလေးသည်သာ ယောက်ျားလေးတစ်ယောက်လို ဟန်ဆောင်လိုက်မည်ဆိုပါက ဒီလောကတွင် သူမလေး ၀င်ဆံ့နိုင်ဖို့ အတွက် ပိုလို့လွယ်ကူသွားပေလိမ့်မည်။ အကောင်းဆုံးသော အရာ တစ်ခုသည်ကား ချောမောသည့်ယောက်ျားလေးတွေသည် အခုချိန် ရေပန်းစားနေလေသည်တည်းမို့ သူမ၏ဒီမျက်နှာလှလှလေးသည် အချည်းနှီးအလဟသဖြစ်တော့မည်မဟုတ်ပါချေ။
စီရီဟန်၊ သူ့ရဲ့ဦးခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားတော့ရင်း သူ့ရဲ့မျက်လုံးတို့မှာ အနည်းငယ် လှုပ်လှုပ်ခတ်ခတ် ဖြစ်လို့လာချေပြီ။ သူသည် သူမလေး၏စိတ်ကူးစိတ်သန်းကို သဘောတူမှာလား မတူဘူးလားဆိုသည်ကိုမူတော့ ရီဝမ်ဝမ် မပြောနိုင်ပါချေ။
ဒီပြသနာအိုးလေး ပြောသွားတာတွေက အဓိပ္ပာယ်တော့ ရှိနေသားပဲ။ ဒါပေမယ့် ငါ ဘယ်လိုလုပ်ပြီးတော့ တစ်နေရာရာမှာ တစ်ခုခု လွဲနေ သလိုမျိုး ခံစားနေမိတာပါလိမ့်…..
သူမ ပြောပြီးသည့်အချိန်၊ ရွှီရီ၊ ညစာအဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အကြောင်းကြားဖို့ရာ မီးဖိုချောင်မှ လျှောက်ထွက်လာလေခိုက်။