စာစဉ် ၉ ( ၉ + ၁၀ )
10K 837 3
Book.              :   9
Chapter.          :  9 + 10
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၉ ၊ အခန်း ၉။ ဒီလူတွေနဲ့ အကျိုးသင့်အကြောင်းသင့် လုပ်နေလို့မရဘူး
ဒီအခိုက်၊ အရပ်ရှည်ရှည်၊ ပိန်သွယ်သွယ်နှင့် သတင်းထောက်သမား တစ်ယောက်သည် မျောက်တစ်ကောင်ကဲ့သို့ မေးစေ့ချွန်၊ နှုတ်ခမ်းချွန် ဖြင့် လူအုပ်ကြီးထဲကနေ ကျန်းယန်ရန်ကို ဖမ်းမိသွားခဲ့ချေပြီ။ တစ်ချိန်ထဲမှာပင်၊ သူသည် ကင်မရာသမားကို သူမဘက် ရိုက်ရန် အချက်ပြလိုက်တော့လေပြီ။ သူသည် ကောင်းသည့်ရည်ရွယ်ချက်ဖြင့်မဟုတ်ဘဲ ထသွားလိုက်ပါတော့၏။
“မိန်းကလေး၊ မင်းက ဟန်ရှန်းယွီရဲ့ပရိတ်သတ်တစ်ယောက်လားဆိုတာ သိပါရစေ” ပိန်သွယ်သွယ်သည် သတင်းထောက်သည် မလိုလားသည့် ဟန်ဖြင့် မေးလာလေခြင်း။
ကျန်းယန်ရန်၊ ကင်မရာဘက်ကို တည့်တည့်ကြည့်ပြီး ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်ကား။
“ဟုတ်ပါတယ်”
ဒီနောက်၊ သတင်းထောက်သည် မိုက်ခရိုဖုန်းကို တေ့ပေးလိုက်ကာ။
“ဟန်ရှန်းယွီရဲ့ ကလေးငယ်လေးအပေါ် သက်ငယ်မုဒိန်းမှုအပေါ်မှာ မိန်းကလေးရဲ့အမြင်က ဘယ်လိုများ ရှိပါသလဲ”
ကျန်းယန်ရန်၊ အထဲတွင် ကျိုက်ကျိုက်ဆူနေလေသည့် ဒေါသတရား တို့ကို မြိုသိပ်ကာ မြိုသိပ်ကာဖြင့် တည်ငြိမ်စွာ ပြန်ဖြေလာလေသည်။ “သတင်းထောက်ရှင့်၊ ကျွန်မ ရှင့်ရဲ့မေးခွန်းကို မဖြေသေးခင် ရှင် သုံးသွားတဲ့စကားကို သဘောမတူပါဘူး။ တရားရုံးတော်က အခုထိ စီရီချက်မချရသေးပါဘူး။ ဒီတော့ ရှင့်အနေနဲ့ ‘သက်ငယ်မုဒိန်း’ ဆိုတဲ့စကားမျိုးကို မသုံးသင့်ဘူး”
သတင်းထောက်သည်ကား နှာခေါင်းရှုံ့လာချေသည်။
“ကလေးမလေး ကိစ္စက လူသိရှင်ကြား ဖြစ်ပြီးနေပြီ။ သူမရဲ့ကိုယ်ထဲမှာလည်း အိပ်ဆေးတွေ တွေ့ထားတယ်။ အဲဒါကို ဆေးမှတ်တမ်းမှာလည်း ရှင်းရှင်းလင်းလင်း ပြောပြထားပြီးသား ။ အတွင်းသတင်းအနေနဲ့၊ ဟန်ရှန်းယွီရဲ့ ရည်းစားဟောင်းတွေ ကိုယ်တိုင်ကိုယ်က ဟန်ရှန်းယွီက မုဒိမ်းကောင်တစ်ယောက်ပါလို့ ၀န်ခံထားကြပြီးသား။ အနုပညာလောကထဲမှာ ဒါက အားလုံးက သိနေပြီးသား လျို့ဝှက်ချက်တောင် ဖြစ်နေပြီ။ ပြီးတော့လည်း တစ်အိပ်ရာထဲမှာ ကလေးငယ်လေးတွေ အများကြီးနဲ့ ဟန်ရှန်းယွီ လှဲနေတဲ့ အထောက်အထားဓာတ်ပုံကလည်း ရှိထားပြီးသား။ အဲဒါတောင်မှ ဟန်ရှန်းယွီက အပြစ်မရှိတုန်းပဲလို့ မိန်းကလေး ထင်နေသေးတုန်းပဲလား”