စာစဉ် ၉ ( ၁၁ + ၁၂ )
9.9K 869 3
Book.              :   9
Chapter.          :  11 + 12
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၉၊ အခန်း ၁၁။ သူ့ရဲ့ကံတရား
“၂ နှစ်ကနေ ၃ နှစ်လောက် ?”  ချူဟုန်ဂွမ်းရဲ့မျက်နှာသည်ကား မည်းပုတ်သွားတော့ချေပြီ။ သူသည် ဒီကိစ္စကို ၂ နှစ်ကနေ ၃ နှစ် လောက်ထိ ဆက်ဖြေရှင်းနေရဦးမည်ဆိုလျှင် အဆုံးသတ်တွင်
သူ အနိုင်ရသွားမည်ဆိုရင်တောင် အဲဒီအချိန်တွင် ဟန်ရှန်းယွီ ဆိုသည်မှာ တန်ဖိုးမရှိတော့သည့်သူ ဖြစ်နေချေလိမ့်မည်။
ပြီးတော့ နှစ်တွေ အနည်းငယ်လောက် ကုမ္ပဏီရဲ့ဂုဏ်သိက္ခာကို ကျဆင်းသွားစေပေလိမ့်မည်ပင်။
“ကျုပ်တို့မှာ တခြားရွေးချယ်စရာများ ရှိဦးမလား”
တခနလောက် ရှေ့နေ တန့်သွားမိတော့ပြီးမှ။ “ကျွန်တော့်အနေနဲ့ကတော့ တရားရုံးအပြင်ဘက်ကနေ ဖြေရှင်းလိုက်ကြပြီးတော့ ဒီကိစ္စကနေ အထိအခိုက်နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ကြိုစားတာက အကောင်းဆုံးပဲလို့ ထင်ပါတယ်”
ဒါကို ကြားလိုက်ရသည့်အခိုက်၊ ဖေးယန်။ စိတ်ပူသွားတော့ချေပြီ။ “အဲဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ အဲ့လိုလုပ်လိုက်တာက ကျွန်တော်တို့တွေမှာ အပြစ်ရှိကြောင်း ၀န်ခံလိုက်တာနဲ့ အတူတူပဲ ဖြစ်သွားမှာပေါ့။ ဟန်ရှန်းယွီရဲ့နာမည်လည်း လုံးဝကို အရောင်စွန်းသွား တော့မှာပေါ့ခင်ဗျ”
ထိုအခိုက်၊ မီးခိုးရောင်ဝတ်စုံနှင့် လူကြီးလူကောင်းတစ်ယောက်သည် ဖေးယန် ဒီအတိုင်းလေး ပြောလိုက်သည်ကို စိတ်ဆိုးသွားတော့ချေ လေပြီ။ “ဒီတော့ ဟန်ရှန်းယွီအတွက်နဲ့ပဲ ကုမ္ပဏီထဲက အနုပညာရှင်တွေအားလုံးကို ဆွဲချပစ်ချင်တာလား”
ဖေးယန်ရဲ့အမူအရာလည်း ပြောင်းလဲသွားတော့ချေပြီ ။
“ကျိုးဝမ်ဘင်း၊ ခင်ဗျား ဘာကိုပြောချင်နေတာလဲ”
ကျိုးဝမ်ဘင်း၊ ပုခုံး တွန့်ပြလာချေပြီး။ “ဖေးယန် ၊ ကိုယ်တို့တွေ အရမ်းကြီး ဖြောင့်မှန်ပေးနေလို့မဖြစ်ဘူးလေ။ ဒီကိစ္စက ဟန်ရှန်းယွီ ကြောင့် စဖြစ်လာခဲ့တာ။ ပြီးတော့လဲ၊ ကုမ္ပဏီထဲက လူတိုင်းကို ပတ်ရမ်းသွားပြီးတော့ ကိုယ်တို့ရဲ့ရှယ်ယာတွေတောင်မှ ကျလာကုန်ပြီ လေ။ ပြောရမယ်ဆိုရင် မင်းဆီမှာက သူ အပြစ်ကင်းကြောင်းကို ပြပေးနိုင်တဲ့ သက်သေလေးတစ်ခုတောင်မှ ရှိမနေတဲ့ဟာ။
မင်းက လူတိုင်းကိုပါ သူနဲ့အတူ ဆွဲချပစ်ပြီးတော့ သူတို့တွေပါ သေသွားမှာကို စောင့်ကြည့်နေချင်လို့လား”