စာစဉ် ၉ ( ၁၃ + ၁၄ )
9.7K 870 2
Book.              :   9
Chapter.          :  13 + 14
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••
စာစဉ် ၉၊ အခန်း ၁၃။ အပေးအယူုလုပ်ပြီ
အမည်မသိရသည့် လူငယ်လေး၏ ပေါ်ထွက်လာမှုသည် ကြီးမားလှ သည့် အစည်းအဝေးခန်းမကြီးအား ထူးဆန်းသည့်လေထုတို့ဖြင့် ပြည့်နှက်သွားတော့ပေပြီ။
“မင်းက ဘယ်သူမို့လို့လဲ။ ကမ္ဘာကတောင်မှ ဒီကိစ္စအပေါ် လူထုရဲ့အမြင် ကို မကိုင်တွယ်နိုင်တဲ့ဟာ ပြည်သူတွေရဲ့ ဟန်ရှန်းယွီအပေါ် အမြင်တွေ ကို ပြောင်းလဲပစ်ပေးနိုင်တယ်လို့ ပြောနေရအောင် မင်းက ဘယ်သူမို့လို့ လဲ”
“အစ်ကိုကြီး၊ ကျေးဇူးပြုပြီးတော့ ခင်ဗျားရဲ့ဦးနှောက်ကို မသုံးဘဲနဲ့ စကားမပြောစမ်းပါနဲ့”
“အခုလောလောဆယ်က ဟန်ရှန်းယွီရဲ့ ဂုဏ်သိက္ခာက ဒုတိယပဲ။ အဓိကကျတာက ကမ္ဘာ့အင်တာတိန်းမန့်ရဲ့ ဂုဏ်သတင်းက ဒီကိစ္စနဲ့ ပတ်သက်နေတာပဲ….”
ကမာ့အင်တာတိန်းမန့်က အကြီးတန်းအုပ်ချုပ်ရေးပိုင်းတစ်ချို့တို့သည် ထိုလူအား ကြည့်လို့နေကြရင်း။
“ဥက္ကဌ ချူး၊ ဒီကောင်ရဲ့ ပေါက်တတ်ကရ တေလေစကားတွေကို နားမယောင်လိုက်နဲ့။ သူက သတင်းနှိုက်ယူဖို့အတွက် အင်ပါယာ
စကိုင်းကနေ လွှတ်လိုက်တဲ့ သူလျိုပဲ ဖြစ်ရမယ်”
ကျိုးဝမ်ဘင်း ထရပ်လာတော့ချေပြီ။
ကျိုးဝမ်ဘင်း ပြောသည်ကို ကြားလိုက်သည့်အခိုက်၊ ချူးဟုန်ဂွမ်း၏မျက်လုံးထဲတွင် အေးစက်မှုတို့ ပေါ်ထွက်လာတော့လေပြီ။
လူတိုင်း သိထားကြသလို၊ အင်ပါယာစကိုင်းနှင့်ကမာ့္ဘအင်တာတိန်းမန့် သည် အမြဲတမ်းပင် ပြိုင်ဘက်ရန်သူကြီးတွေ ဖြစ်ကြပါ၏။ ဟန်ရှန်းယွီရဲ့ ကိစ္စကြောင့် ကမ္ဘာ့အင်တာတိန်းမန့်ကို အရမ်းဆိုးဆိုးဝါးဝါးကြီး ရိုက်ခတ်နေသည်ဖြစ်လေရာ သတင်းနှိုက်ယူဖို့ရာအတွက် အင်ပါယာ စကိုင်းကနေ လူလွှတ်ဖို့ဆိုသည်မှာ ဖြစ်နိုင်သလိုလို ရှိနေချေသည်။
“သူလျိုလား” လူငယ်သည် ကျိုးဝမ်ဘင်းအား ကြည့်လိုက်တော့ကာ လှောင်ပြုံးပြုံးလာတော့ပြီး နှာခေါင်းရှုံ့လိုက်ပါ၏။ “ဒီလိုဥာဏ်ရည်မျိုးနဲ့ ဘယ်လိုများ ကမာ့္ဘအင်တာတိန်းမန့်ရဲ့အစည်းအဝေးဘုတ်ကို ခင်ဗျား တက်ရောက်ခွင့်ရနေသလဲဆိုတာကို ကျွန်တော်တော့ နားလည်ရ ခက်နေပြီ”