စာစဉ် ၉ ( ၁၅ + ၁၆ )
9.9K 967 8
Book. : 9
Chapter. : 15 + 16
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၉၊ အခန်း ၁၅။ ပူးပေါင်းမှု
ဆယ်ကျော်သက်လူငယ်လေးသည် ဘယ်လောက်တောင်မှ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေသည်ကို ကြားလိုက်ကြရသည့်
အချိန်၊ လူတိုင်း သံသယတို့ဖြင့် စတင်ထေ့ငေါ့ပြောဆိုလာကြတော့ လေပြီ။
ချူးဟုန်ဂွမ်း ရယ်ချလိုက်တော့ရင်း။
"လူငယ်လေး၊ မင်းက သိပ်ကို ယုံကြည်မှုတွေ ရှိနေတာပဲ။
ကဲ မင်းရဲ့ အပေးအယူကို ပြောပါဦး"
ဆယ်ကျော်သက်လေးသည် ဘေးဘီကို ဝေ့၀ိုက်ကြည့်လိုက်ကာ။ "ကျွန်တော့်ရဲ့အပေးအယူကို ဥက္ကဌ ချူး နဲ့ပဲ ဆွေးနွေးသင့်သလား၊ ဒါမှမဟုတ် လူတိုင်းနဲ့လဲ ဆွေးနွေးလို့သင့်တယ်လား"
လူငယ်လေး၏နောက်ကွယ်က စကားအဓိပ္ပာယ်ကို နားလည်သွားတော့ ပြီး ချူးဟုန်ဂွမ်း လက်ဝှေ့ပြလိုက်ကာ အစည်းအဝေးကို ရုတ်သိမ်းလိုက် ပါတော့၏ ။ လူတိုင်းအားလည်း အခန်းထဲကနေ ထွက်သွားစေလိုက် တော့သည်တည့်။
ကျိုးဝမ်ဘင်း၊ သူ ထွက်မသွားသေးခင်
လူငယ်လေး၏အရှေ့တွင် ရပ်တန့်လိုက်ပြီး
သူ့အား ခပ်စိမ်းစိမ်း ကြည့်လာချေသည်။
သောက်ကျိုးနဲ၊ ဒီကိစ္စက ပြီးသွားတော့ခါနီးနေပြီကို၊ ဒီကောင်ကြောင့် ရှုပ်ကုန်ပြီ။ ဒီကောင်လက်ထဲမှာ ဘာဝှက်ဖဲတွေများ ရှိနေသလဲဆိုတာကို စောင့်ကြည့်နေဦးမယ်။
ဒီ့နောက်၊ အစည်းအဝေးခန်းထဲတွင် လူငယ်လေးနှင့် ချူးဟုန်ဂွမ်းတို့ နှစ်ဦးသားသာလျှင် ကျန်ရှိနေကြတော့ချိန်။
"ဆက်ပါဦး"
ချူးဟုန်ဂွမ်း၊ စီးကရက်မီးကို ညှိလိုက်ရင်းမှ။
အနှီလူငယ်လေးသည် မျက်နှာချင်းဆိုင်က လယ်သာထိုင်ခိုင်ပေါ် ထိုင်ချလိုက်ပြီး လိုရင်းကို တည့်တိုးပြောလာချေသည်ကား ။
"ပထမ၊ ကျွန်တော် ကမ္ဘာမှာ အလုပ်လိုချင်တယ်"
အရမ်းပွင့်လင်းစွာဖြင့် ပြန်ဖြေလာပါသည့် ချူဟုန်ဂွမ်း။
"ဒါကတော့ လွယ်ပါတယ်။ မင်းသာ ဒီကိစ္စထဲကနေ ဟန်ရှန်းယွီကို တကယ်ကူညီပေးနိုင်ခဲ့မယ်ဆိုရင် ကမ္ဘာကလည်း မင်းလို အရည်အချင်းရှိတဲ့သူမျိုးကို လိုချင်ပြီးသားပါ။ နောက်ထပ်ကရော ?"