စာစဉ် ၉ ( ၁၇ + ၁၈ )
10.1K 1K 29
Book. : 9
Chapter. : 17 + 18
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၉၊ အခန်း ၁၇။ သူမ၏ကောင်လေးကို သွားကြိုခြင်း
ဘာ....ငါ ဘာကို ကြားလိုက်မိတာလဲ။
ကောင်လေး....ဟုတ်လား။
ပန်းစည်းကို စည်းနှောင်ထုပ်ပိုးပေးနေလေသည့် ဆိုင်အကူလေးမှာ ရုတ်တရက်ပင် မိုးကြိုးအပစ်ခံလိုက်ရသည့်အလား နေရာမှာတင် ကြက်သေ,သေသွားမိတော့ချေပြီ။
အနည်းဆုံး ဆယ်စက္ကန့်လောက် ကြာပြီးလေသည့်နောက်မှ၊ ရှော့ရသွားရာကနေ အသိပြန်ဝင်သွားတော့သည့် ဆိုင်အကူ။
ငါ့အရှေ့ကြီးမှာ ရှိနေတဲ့ ဒီအလွန်တရာမှကို ကြည့်ကောင်းလှတဲ့ လူငယ်လေးက....တကယ်တော့ လိုင်းပြောင်းနေတာတဲ့လား။
ဆိုင်ကူလေး၏ ဆယ်ကျော်သက်နှလုံးသားလေးမှာ အနည်းငယ်
တစ်စစီ ပြန့်စာကျဲသွားရတော့လေပြီ...
ဆိုင်ကူလေးသည် သူမ၏ ဆယ်ကျော်သက်မြီးကောင်ပေါက်စ နှလုံးသားရှိရာ ရင်ဘတ်လေးကို ခက်ခက်တည်းတည်း ဆုပ်ကိုင်ထား မိတော့လေပြီ။ နောက်မှ သူမရဲ့လုပ်ရပ်သည် ဘွင်းဘွင်းရှင်းရှင်းကြီး ဖြစ်သွားကြောင်းကို သဘောပေါက်သွားမိတော့လေရာ အလျင်အမြန်
ပင် တောင်းပန်လိုက်ပါတော့၏။ "တောင်း....တောင်းပန်ပါတယ်ရှင်...ကျွန်မရဲ့အပြုအမူကို သတိမေ့သွားမိတယ်..."
"ရပါတယ်ဗျာ"
ရီဝမ်ဝမ်၊ ရင်ဘတ်ထဲ ထည့်နေခြင်းမရှိဘဲ ရယ်လိုက်မိတော့လေပြီ။
သူ့မျက်နှာပေါ်က အပြုံးလေးကို မြင်လိုက်ရသည့်အချိန်တွင်တော့ ဆိုင်ကူလေး၊ သူမ၏နှလုံးသားလေးမှာ ပိုလို့ပင် လှုပ်လှုပ်ခတ်ခတ်ဖြစ် သွားမိတော့ချေပြီး တစ်ဖန် တစ်စစီ ကြေကွဲသွားရပြန်လေသည်။
ဒီယောကျာ်းချောချောလေးတွေအားလုံးက ဘာလို့များ ကောင်လေးတွေ ပဲ ထားနေကြရတာလဲ....
ရီဝမ်ဝမ်၊ ပန်းဆိုင်ကနေ ထွက်ခွာသွားပြီးသည့်နောက်တွင်တော့၊
သူမ ရွှီရီအား ဖုန်းခေါ်လိုက်ပါ၏ ။