စာစဉ် ၁၀ ( ၁ + ၂ )
10.5K 878 9
Book.              :   10
Chapter.          :  1 + 2
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၀၊ အခန်း ၁။ အိမ်ကို ပြန်မယ်
ကုမ္ပဏီအဆောက်အအုံကနေ ထွက်လာပြီးသည့်နှင့်၊ ချက်ချင်းဆိုသလိုပင် ရီဝမ်ဝမ်၏အရိုင်းဆန်သော၊ အမိုက်စား ခပ်ကြွကြွအပြုအမူသည် လေရှူးသွားသည့်ပူဖောင်းတစ်လုံးနှယ် ပျောက်ကွယ်သွားခဲ့ချေပြီ။
“ဘေဘီ၊ ကျွန်မတို့ သဘောတူညီချက်လုပ်ကြရအောင်လား”
ရီဝမ်ဝမ် ၊ ဆိုလာခြင်းပါတည်း။
စီရီဟန်၊ သူ့လက်မောင်းပေါ်က နှင်းဆီပွင့်ချပ်လေးတွေကို
အသာလေး ပွတ်သပ်ကိုင်တွယ်လို့နေရင်းကနေ။
“သဘောတူညီချက်၊ ဘာကိုလဲ”
ရီဝမ်ဝမ် ရှက်သွေးလေးဖြာကာ ပြန်ဖြေလာပါ၏။ “သဘောတူညီချက်က….ဟိုဟာ….ကျွန်မတို့တွေ နောက်နေ့မှပဲ အပြင်ထွက်သွားစားကြရအောင်လေ”
မျှော်လင့်ထားသည့်အတိုင်းပင်၊ ချက်ချင်းကြီး အမူအရာတို့ အေးစက်သွားပါတော့သည့် စီရီဟန်။
ရီဝမ်ဝမ်၊ အလျင်အမြန်ပင် ရှင်းပြလိုက်ချေ၏။
“ဒါက ကျွန်မ ရှင့်ကို မလှိမ့်တပတ်လုပ်ချင်လို့ မဟုတ်ပါဘူး။ အစကတော့ ရှင့်ကို ရိုမန်တစ်ဆန်ဆန်လေး ဖယောင်းတိုင်လေးတွေ ထွန်းထားတဲ့ ညစာလိုက်ကျွေးဖို့ စီစဉ်ထားတာ။ ဒါပေမယ့် ကျွန်မ စုထားခဲ့တဲ့ ပိုက်ဆံတွေကို ဒီပန်းစည်း ၀ယ်ပစ်လိုက်တာကို ခုမှ အမှတ်ရမိသွားလို့….”
အလဲ့၊ ငါလေး တယ်အပြောကောင်းလာပါ့လား။
သူမရဲ့ မရှိမဲ့ရှိမဲ့ စုဆောင်းထားတာလေးကို ဒီပန်းစည်းဝယ်ပစ်
လိုက်ပါတယ်လို့ သူမ ပြောလိုက်သည်ကို ကြားလိုက်သည်နှင့်၊ စီရီဟန်ရဲ့မျက်နှာမှာ အနည်းငယ်ပင် နွေးထွေးယောင်သမ်းသွားရ ချေတော့ပြီ။
ရီဝမ်ဝမ်သည်ကား လေးလေးနက်နက် တွေးတောနေဟန်တူလေ၏။ သူမ၏မျက်လုံးတို့မှာ တောက်ပဖြာထွက်လို့နေလေသည်။ သူမလေး ဆက်ပြောလိုက်သည်ကား။ “ဒါပေမယ့်လို့ ရှင် ကျွန်မကို ၀ယ်ကျွေးချင် စိတ်ရှိတယ်ဆိုရင်တော့ ကျွန်မတို့တွေ သွားကြမယ်လေ။ ဒါပေမယ့်
ရှင် ကျွန်မကို ပိုက်ဆံပဲ တိုက်ရိုက်ပေးလိုက်မယ်ဆိုရင်တော့ အဲဒါက ပိုတောင်ကောင်းသေးတယ်”