စာစဉ် ၁၀ ( ၃ + ၄ )
9.7K 890 2
Book.              :   10
Chapter.          :  3 + 4
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၀၊ အခန်း ၃။ အဲဒါ သူပဲ….
သူ့နံဘေးတွင် ထိုင်နေပါသည့် လီချောင်ဟုန်း၊ ဆံပင်တို့မှာ အနည်းငယ် ပွရှုပ်ရှုပ်ဖြင့် မီးခိုးရောင် ခပ်နွမ်းနွမ်းဝတ်စုံကို ၀တ်ဆင်လို့ထားပါ၏။ သူမသည် အလွန်ပင် စိတ်ဓာတ်ကျနေလေဟန်၊ ခေါင်းကို တွင်တွင်ငုံ့ ထားချေပြီး မျက်ရည်တို့ကို သုတ်သပ်လို့နေလေသည်။
“ဟန်ရှန်းယွီက ဒီလိုလူစားမျိုးဖြစ်မယ်ဆိုတာ ကျွန်မ တကယ်ကို မမျှော်လင့်ထားခဲ့မိတာပါ။ ကျွန်မက ကျွန်မရဲ့သမီးလေးကို ဒီလိုလူယုတ်မာကောင်ရဲ့လက်ထဲကို ကိုယ်တိုင်ကိုယ်ကျကို ထည့်ပေးလိုက်ခဲ့မိတာပါရှင်….”
သူတို့နှစ်ဦးစလုံးသည်ကား လူ့အသိုင်းအ၀ိုင်းထဲမှာ ဟိုးအောက်ဘက်ဆီ က သာမန်လူတွေမျှသာ ဖြစ်ကြပါ၏။ ဒီလိုဖြစ်ရပ်မျိုး သူတို့တွေဆီမှာ ဖြစ်လာခဲ့တာတောင်မှ သူတို့တွေသည် ဆင်းရဲစွာ နေကြရသည်။ ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းကြရသည်။ သူတို့တွေ မီဒီယာပေါ်မှာ ပထမဦးဆုံး ပေါ်ထွက်လာကြသည့်အချိန်မှာပင် သူတို့တစ်လျှောက်လုံး ဖြတ်သန်းထားခဲ့ရတာတွေအတွက် များစွာသော ကြင်နာသနားဂရုဏာ တို့ကို ရရှိခဲ့ကြပြီး လူပေါင်းမြောက်မြားစွာသည်က ဟန်ရှန်းယွီအား ပိုပိုလို့ပင် ကျိန်ဆဲကြတော့လေ၏ ။
တိုက်ခန်းထဲတွင်၊ ဖေးယန်၊ ထိုလင်မယားနှစ်ဦး အရှက်မရှိ အရေထူစွာ သနားစရာကောင်းအောင် ဟန်ပိုပြနေပုံတို့ကို ကြည့်လို့နေရင်း။ သူသည် ဒေါသတို့ကြောင့် ပေါက်ကွဲထွက်လုနီးနီး ဖြစ်လို့နေမိလေရာ။ ဒါကို ကြည့်နေရင်းကနေ ဟန်ရှန်းယွီ ဘယ်လိုဘယ်ပုံခံစားနေရလိမ့်မလဲ ဆိုသည်ကို သူ မှန်းပင်မမှန်းဆရဲတော့ ။
“ရှန်းယွီ၊ အဆင်ပြေရဲ့လား….”
ဖေးယန် ၊ စိတ်ပူစွာဖြင့် မေးလိုက်ခြင်းပါတည်း။
ဖန်သားပြင်ပေါ်က လင်မယားစုံတွဲအား တိတ်ဆိတ်စွာဖြင့်သာ စူးစိုက်ကြည့်လို့နေလေသည့် ဟန်ရှန်းယွီ။ ဒီနောက်တွင်တော့ တစ်စုံတစ်ခုသောအရာသည် သူ့အမြင်ထဲ ပေါ်လာလေဟန် တူ၏။ သူ့ရဲ့အမူအရာမှာ ပြောင်းလဲသွားချေပြီ။ “အဲဒါ သူပဲ…”