စာစဉ် ၁၀ ( ၅ + ၆ )
9.9K 1K 17
Book.              :   10
Chapter.          :  5 + 6
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၀၊ အခန်း ၅။ အရမ်းချစ်ဖို့ကောင်းတယ်
ကောင်းဖန်သည်လည်း တခြားသတင်းထောက်တွေထပ်တူ ဟန်ရှန်းယွီအား ပြောဆိုလာသည်ကို တွေ့လိုက်ရသည့်အခါ စိတ်ကျေနပ်မှုအရိပ်အယောင်လေး ကျောက်တရုန်ရဲ့မျက်လုံးတို့ထဲ ဖြတ်ပြေးသွားချေပြီး အလွန်အမင်းနာကျင်စွာဖြင့် ပြောဆိုလာပါ၏။ “သတင်းထောက်ခင်ဗျာ၊ မေးလို့ရပါတယ်”
ကောင်းဖန် ခေါင်းညိတ်လိုက်ပြီး။ “ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော့်ရဲ့မေးခွန်းကို မမေးသေးခင် ဦးကြီး ကျောက် နဲ့ ဒီမှာရှိနေကြ တဲ့ သတင်းထောက်တွေအားလုံးကို ထိုင်ပြီးတော့ ဒီဗွီဒီယိုလေးကို တစ်ချက်လောက် ကြည့်ပေးစေချင်ပါတယ်ခင်ဗျာ”
ပြောပြီးသွားသည်နှင့် ကောင်းဖန်၊ ပရော်ဂျက်တာဘေးကို လျှောက်သွားလိုက်တော့ပြီး သူနဲ့အတူပါလာတဲ့ စတစ်ကို ထိုးသွင်းလိုက်ပြီး ဖွင့်ပြလိုက်ပါတော့၏။
ကျောက်တရုန်နဲ့ပရိတ်သတ်တွေ ဒါကို ကြားလိုက်ကြသည့်အခိုက်၊ ဟောခန်းမကြီးထဲက ကြီးမားလှစွာသော ဖန်သားပြင်ကြီးပေါ် လှည့်ကြည့်လိုက်ကြတော့လေပြီ။
ပထမဦးဆုံး မြူးကြွထွက်လာသည့် သီချင်းသံစည်းချက်လေးနှင့်အတူ ငါးနှစ်အရွယ် ကလေးမလေးသည် ဖန်သားပြင်ပေါ်တွင် ပေါ်လာချေ သည်။ ကလေးငယ်လေးသည်ကား အနက်ရောင်အသားကပ်အကျီနှင့် စကတ်တိုတိုလေးကို ၀တ်ဆင်ထားပြီး တိုင်းပြည် H မှ အလွန်တရာ ကျော်ကြားလှသည့် စူပါးစတားတစ်ယောက်၏ကကွက်တွေအတိုင်း အတုယူကပြနေခြင်းပါတည်း။
ကကွက်တွေသည် အလွန်ကို လူကြီးဆန်ပါသော်လည်း ကလေးငယ်လေး ကသွားပုံလေးသည်ကတော့ လုံးဝအတိကို ထူးခြားသည့်ဖီလင်တစ်ခုကို ပေးလျက် အသက်ဝင်ပြီး ချစ်စရာ ကောင်းနေခြင်းပါတည်း။ သူမလေးရဲ့ ကကွက်တွေသည်ကား စူပါစတားကပြသွားသည်နှင့် တစ်ထပ်တည်းပါပင်။