စာစဉ် ၁၀ ( ၇ + ၈ )
10.4K 1.1K 33
Book.              :   10
Chapter.          :  7 + 8
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၀၊ အခန်း ၇။ ကိုယ့်ပါးစပ်ကိုယ် ဖြတ်ရိုက်မိခြင်း
အချိန်အကြာကြီးကြာအောင် တိတ်ဆိတ်သွားပြီးသည့်နောက်၊ ဟောခန်းမကြီးထဲတွင် တစ်ဖန်ပြန်လည် အသက်ပြန်ဝင်သွားကြ ပြန်သည်။
“၀ါး…သောက်ကျိုးနဲ။ ဒါ….ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
“ဒါ ဟန်ရှန်းယွီရဲ့ Weibo အကောင့်မဟုတ်နေဘဲနဲ့ ကျောက်တရုန်ရဲ့အကောင့် ဖြစ်နေတာလား”
“တကယ်ကြီးလား။ အဲဒီပုံက ဖိုတိုရှော့လုပ်ထားတာကြီးများလားဟယ်။ ဘယ်လိုလုပ်ပြီးတော့ ဦးကြီး ကျောက် က ဒီလိုစကားမျိုး ပြောပါ့မလဲ”
“အေးလေဟယ် ၊ မဖြစ်နိုင်ဘူး။ ဒါ အတုကြီးပဲ ဖြစ်ရမယ်”
တည်တည်ငြိမ်ငြိမ်နဲ့ ၀ံ့ဝံ့ကြွားကြွားရှိနေခဲ့သည့် ယန်ကျန်းယန်၏မျက်နှာ သည်လည်း ဒီအခိုက် ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားရလေသည်။ သူသည် လျင်မြန်စွာပင် မတ်တပ်ထရပ်လိုက်ပြီး ဒေါသတကြီး ဟစ်အော်လိုက်ပါ၏။ “ကောင်းဖန် ! မင်း ရူးနေပြီလား ။
မင်းက အရင်တုန်းက တရုတ်ပြည်ရဲ့ နံပတ်တစ် သတင်းထောက် ဖြစ်ခဲ့ဖူးရဲ့သားနဲ့တောင် သတင်းထောက်တွေရဲ့ ကျင့်ဝတ်ကို လျစ်လျူရှု ထားပြီးတော့ ဒီလိုသတင်းအတုတွေ ထုတ်ချလာသေးတယ်ပေါ့။ မင်းဆီမှာ ဘာသတင်းမှ မရှာနိုင်တော့တာနဲ့လေ။ မင်းက မင်းကိုယ်မင်း ရှုံချနေတာပဲကွ”
ယန်ကျန်းယန်အား အေးစက်စွာသာ ကြည့်လာပါသည့် ကောင်းဖန်။
“သတင်းထောက် ယန်၊ ကျွန်တော်တို့တွေက အသက်မွေးဝမ်းကျောင်း အတူတူပါပဲခင်ဗျာ။ ခင်ဗျား ပြောသွားတာတွေက ရယ်စရာဖြစ်နေတယ် လို့ ခင်ဗျား မတွေးမိဘူးလား။ ဒီနေ့က ဘာနေ့ကြီးလဲ။ ဒီနေ့ ဒီနေရာမှာ မိတ်ဆွေသတင်းထောက်တွေ အများကြီး ရှိနေကြတယ်။ ကျွန်တော်က ဘာကြောင့်မို့လို့ အလွယ်တကူနဲ့ ပေါ်သွားနိုင်တဲ့အရာမျိုးကို လိမ်ညာ ပြောဆိုရမှာလဲ။